Part19

2.3K 66 3
                                    

Uni

နှိုင်း အလုပ်မှာ အတော်လေး ပင်ပန်းပေမဲ့ ကျေနပ်ပါတယ် ၊ ဘာလို့ဆို သန့်သန့်ရှင်းရှင်းနဲ့ လုပ်ပြီးမှ ရလာတဲ့ လစာဖြစ်လို့ အတော်လေး လိပ်ပြာလုံသလို ပျော်လည်းပျော်ရပါတယ် ၊
ဒီထက်ပျော်ရတာက အလုပ်ရှိ ဝန်ထမ်းတွေက ခွဲ ခြားဆက်ဆံတာမျိုးတွေသိပ်မရှိ ၊ နှိုင်းကို gay ပါ ဆိုပြီးလဲ ဖယ်ကျဥ်းထားတာမျိုးမရှိ ၊ နှိုင်းရဲ့ ဖြစ်တည်မှုကို လက်ခံပေးကြသည်။
အစ ကတော့ တော်တော်လေး နေရကြပ်ပေမဲ့ နောက်ပိုင်း ဝန်ထမ်းတွေအကုန်လုံးနဲ့ အထက်လူကြီးတွေက နှိုင်းပိုသဘောကျတဲ့ပုံစံနဲ့နေပါဟု ပြောပေမဲ့ နှိုင်းကတော့ စည်းကမ်းက စည်းကမ်းပဲမို့လို့ စည်းကမ်းနဲ့အညီပဲ နေသည်။

နှိုင်းသည် ၃လ လောက် အပူအပင်မရှိ အလုပ်လုပ်နေပါသော်လည်း ယနေ့တွင်မူ အပူမုန်တိုင်းက နှိုင်းဆီသို့ဦးတည်ကာ တိုက်လာတော့သည်။

ဟိုတယ်ရဲ့ အဝင်ဝမှာ တွေ့ရပါသော မမြင်တာကြာပြီဖြစ်တဲ့ အလုပ်ရှင်ဟောင်းတစ်ဖြစ်လည်း နှိုင်းရဲ့အရင်က ပါတနာ ဟောင်းကြီး ရှိုင်းဝဋ်သာလွန် ။

မိန်းကလေးချောချောလေးတစ်ယောက်ကို ပုခုံးမှ ဖက်ကာ ဟိုတယ်ထဲသို့ ဝင်လာပါသောသူ။

" မင်္ဂလာပါ ခင်ဗျ ၊ Gogi Hotel မှ ကြိုဆိုပါတယ် "

နှိုင်းက မသိသူ လိုဟန်ဆောင်ကာ အပြုံးတုကို တက်ဆင်ပြီး ကြိုဆိုလိုက်သည်။
သူ့ရဲ့မျက်နှာကိုတောင်မကြည့်ပါပဲ မျက်လွှာကို အောက်သို့ စိုက်ထားသည်။

" VIP room တစ်ခုပေးပါ ၊ ဟို service ကောင်လေး အိတ်တွေအကုန်လုံးကို လာသယ်ပေး "

ရှိုင်းက ကောင်တာမှာ ကျောက်ရုပ်လို မတ်တပ်ရပ်နေတဲ့ နှိုင်းကို လက်ညှိုးထိုးကာ ပြောသည်။

" ဧည့်သည်ရှင့် သူ့ရဲ့ ဂျူတီက ပြီးပြီမို့လို့ တခြားတစ်ယောက်ကို သယ်ခိုင်းလိုက်ပါ့မယ်ရှင့် "

မန်နေဂျာမ က ဝင်ပြောပေမဲ့ ခေါင်းမာသော ရှိုင်းမှာ သူ့အိတ်ကို နှိုင်းကလွဲ ပြီးဘယ်သူ့ကိုမှ မသယ်စေချင်။

" အဲ့ ဝန်ထမ်းက ပိုက်ဆံပေးခိုင်းရင် အကုန်လုပ်မှာ ၊ ဟုတ်တယ်မလား "

Only for you ( မင်းအတွက်သာ)Where stories live. Discover now