Part 9

2.3K 64 0
                                    

Uni

သူပြောတဲ့ apartment က တော်တော်ကျယ်တယ် ၊ ပြီးတော့ luxury ဆန်တယ် ၊ စျေးကြီး ပြီးအဖိုးတန်တဲ့ အိမ်တွင်း ပစ္စည်းတွေကလည်း အများကြီးပဲ ။
နှိုင်းတို့ရဲ့ အိမ်နဲ့ယှဥ် ရင်အတော်လေးကို ကြီးသည်။

" အိုကွယ် အကျယ်ကြီးပဲ ၊ သား ရှိုင်းကို ကျေးဇူးတင်လိုက်တာကွယ် "

မေကြီးက အထုတ်တွေကိုနေရာချပြီး ရှိုင်းရဲ့လက်လေးကို ဖွဖွလေးကိုင်ကာ ကျေးဇူးစကားပြောလိုက်သည်။

" ရပါတယ် အန်တီ ၊ မိသားစုတွေပဲ "

နှိုင်းက သူ့ကိုကြည့်ကာ မျက်လုံးပြူးပြတော့ ရှိုင်းကလည်း ချောင်းဟန့်ကာ ပြန်ပြောသည်။

" ဟို....ကိုယ့်အလုပ်သမားရဲ့ မိသားစုဆိုတော့လဲ ကိုယ့်ရဲ့ မိသားစုလိုပါပဲလို့ အဲ့ဒါပြောချင်တာပါ "

" ဟုတ်ပါပြီသားရယ် ၊ အန်တီသဘောပေါက်ပါတယ် "

" မေကြီး သွားနားချင်နားတော့လေ ၊ သား ပစ္စည်းတွေ နေရာချလိုက်အုံးမယ် "

မေကြီးက သူမရဲ့အခန်းထဲကိုဝင်ကာ ခဏ အနားယူတော့သည်။
နှိုင်းလည်း အိမ်ပြောင်းဆိုတော့ ပါလာတဲ့ ပစ္စည်းအနည်းငယ်ကို တစ်ယောက်ထဲ နေရာချနေသည်။
Apartment မှာက ပစ္စည်းတွေအစုံရှိပြီးသား ဆိုတော့ သိပ်အကြာကြီးနေရာချနေစရာမလိုပေ။

" ဟူးးး ပြီးပြီ "

" အမလေး ဘုရားရေ "
နှိုင်း မိသားစု ဓာတ်ပုံကို နေရာတကျ ချိတ် နေကာ ၊ လှမလှ သေချာအောင် အနောက်ဆုတ်ပြီးကြည့်တော့ အနောက်က တစ်ခုခုနဲ့ တိုက်မိကာ လဲကျသွားသည်။ သို့သော် တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲကိုရောက်နေသည်ကို သတိထားမိသည်။
နှိုင်းလည်း အတင်းဖိကပ်ပိတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ဟိုလူ ပဲ ၊ မပြန်သေးဘဲ ဘာလုပ်နေတာလဲ ။

" ခင်များ မပြန်သေးဘူးလား "

" အင်း မပြန်သေးဘူး ၊ ပြောစရာရှိလို့ "

" ပြောလေ "

" ဒီနေ့ည ၈နာရီ ပါတီတစ်ခုရှိတယ် ၊ ပြင်ဆင်ထားပါ ငါလာခေါ်မယ် ၊ ပါတီက လူငယ်တွေချည်း ပေါ့ပေါ့ပါးပါးပဲမို့လို့ ပေါ့ပေါ့ပါးပါး dress ပဲ ဝတ်ခဲ့ "

Only for you ( မင်းအတွက်သာ)Where stories live. Discover now