Part 17

2.3K 63 0
                                    

Uni

အိမ်ပြန်ရောက်တော့ နှိုင်းမှာ ဟန်မ​ဆောင်နိုင်တော့ဘဲ အတော်လေးကိုပင်ပန်းနေလေပြီ ၊ မနက်က မေကြီးကို တရားရိ​ပ်သာကိုသွားပြီး ပို့ထားတာမို့လို့ ခရီးဝေးကနေ ပြန်ရောက်ရောက်ချင်း ပါတီဆိုလို့ ခဏတောင်မနားပါပဲ ချက်ချင်းပြန်ထွက်လာရသည်။ ဟိုရောက်တော့လဲ စိတ်အိုက်ရသည်ကြောင့် အတော်လေးကို ပင်ပန်းရသည်။
ဒီကြားထဲ ဖိနပ်ကပါ လာ​ပေါက်နေလို့ ခြေထောင့်တွေပါ နာနေရသည် ။

နှိုင်း apartment ထဲဝင်ဝင်ချင်းမှာဘဲ ရှိုင်းက နှိုင်းကိုသတိထားမိပုံရသည်။ နှိုင်းအရှေ့မှာ ဒူးထောက်ပြီး နှိုင်းစီးထားတဲ့ heels ကိုချွတ်ကာ သူ့လက်မှာ ကိုင်လိုက်ပြီး နှိုင်းကို ဒကောက်ကွေးကနေ ချီ မ သွားသည်။

ရုတ်တရက်မို့လို့ နှိုင်းပင် လန့်သွားရသည်။

" အမလေး..."

" အဟမ်း.... မင်းခြေထောင့်တွေက နာနေတာမို့လို့... "

ဒီလိုပဲ တိုက်ခန်းထဲ ရောက်ပြန်တော့လဲ နှိုင်းအခန်းထဲကိုဝင်ကာ နှိုင်းရဲ့ ခြေထောင့်ကို ဆေးလိမ်းပေးသည် ။

" ဟို.... ငါ့ကြောင့်မင်းပင်ပန်းထားလို့ ဆေးပြန်လိမ်းပေးတာ ၊ တစ်မျိုးမထင်နဲ့..."

" အင်းမထင်ပါဘူး.."

နှိုင်းအခန်းထဲက ထွက်လာတော့ ရှိုင်းမှာ မျက်နှာကြီးကိုနီရဲလို့နေသည်။

" ချီး... ရှိုင်းဝဋ်သာလွန် မင်းဘာတွေလျှောက်လုပ်နေတာလဲ.... ၊ ရင်မခုန်မိစေနဲ့ ထိန်းထား..၊ ငါက ဟန်နီ့ကိုပဲ ပြန်ကြိုက်မှာ ငါက ဟန်နီ့ကို အရွဲ့တိုက်ချင်လို့သာ သူနဲ့ တွဲ ပြနေတာ ဟုတ်တယ်၊ "

ရှိုင်း ရောင်ရောင်မှားမှားနဲ့ ပါးစပ်ထဲရှိတာတွေအကုန်လျှောက်ရွတ်နေမိသည်။

သေချာတာကတော့ သူ့ဆီကနေ 'ကိုကို' လို့ခေါ်တဲ့ အသံကို စွဲလမ်းမိနေတာ ဖြစ်မည်။

နှစ်ယောက်သား ကိုယ်စီကိုယ်စီ ခံစားချက်များရှိနေကြတာကိုပင် သူတို့ ကိုယ်သူတို့မသိခဲ့ကြလေ။

.....

ညက အိမ်မပြန်ပဲ apartmentမှာဘဲ အိပ်လိုက်သည်။
ညနက်နေပြီက တစ်ကြောင်း ၊ သူ့ကို တစ်ယောက်ထဲမထားခဲ့ချင်တာက တစ်ကြောင်းနဲ့ ဖြစ်သည် ။
သေချာတာကတော့ ညနက်နေလို့ အိမ်မပြန်ချင်တာဘဲ နေမှာပါ။

Only for you ( မင်းအတွက်သာ)Where stories live. Discover now