Unicode
ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ သံသယတရားခံနှစ်ယောက် အချင်းချင်း စွပ်စွဲနေကြ၏။
ရှဲ့လင် : " မင်းလဲ လက်ချောင်းထိပ်မှာ ဓားရှရာ ရှိနေတယ်လေ"
ကျိမင်ရွေ့ : " ဒီက လူကြီးမင်းရှဲ့က မင်းရဲ့ လက်ချောင်းထိပ်က ဓားရှရာအကြောင်းကို ပြောလာတယ်ဆိုတော့... ရဲဘော်ချီချင်း .. ရှင်းစမ်းပါဦး"
ချီချင်းက ပွတ်ရလွန်း၍ ရဲနေသော လက်ချောင်းထိပ်ကို မြှောက်ပြသည်။
" ပေါင်မုန့်လှီးတုန်းက ရှမိသွားတာ"ကျိမင်ရွေ့ သေချာကြည့်နေရင်း ဘာဒဏ်ရာဆိုသည်ကို နားလည်သွားသောကြောင့် ချက်ချင်းလက်မြှောက်လိုက်သည်။
" ဒီဒဏ်ရာ... ဒီဒဏ်ရာကို ကျွန်တော်သက်သေလိုက်ပေးလို့ရတယ်... ဟိုတစ်နေ့တုန်းက သူ ပေါင်မုန့်ကို အဲ့လိုမျိုး လွှသွားပုံဓားနဲ့လှီးနေတာ .. ဓားက အသစ်ကြီးရှိသေးတယ် တံဆိပ်တောင်မခွာရသေးဘူး.. ကျွန်တော် မျက်မြင်သက်သေလုပ်ပေးလို့ရတယ်"ပေါင်မုန့်လှီးရာမှ ဤကဲ့သို့ဒဏ်ရာမျိုး ရနိုင်မည်ဟု ရှဲ့လင် မမျှော်လင့်ထား။
" နောက်ခါ ပေါင်မုန့်လှီးရင် သတိထားဦးနော်"ချီချင်းက ထိုစကားကို အသိအမှတ်ပင်မပြု။
ခဏကြာတော့ ချီချင်းထံမှ တိုင်ကြားသံ ထွက်လာပြန်သည်။
" ပြစ်မှုကျူးလွန်ထားတဲ့နေရာမှာ ဓားကိုင်ထားတာအပြင် သူ့မှာ အဲ့လိုဓားမျိုးနောက်တစ်ချောင်း ရှိသေးတယ် .. ငါ သူ့ကားထဲမှာ တွေ့ခဲ့တာ.. ပလတ်စတစ်အိတ်ထဲ ထည့်ထားတယ် "ကျိမင်ရွေ့ : "..."
ကျိမင်ရွေ့၏ မှတ်စုမှာ အတော်လေး fantasy ဆန်လာသည်။
ကျိမင်ရွေ့က ရှဲ့လင်ဘက် လှည့်ရပြန်သည်။
" ဟုတ်ပြီ.. ရဲဘော်ချီချင်းမှာ အချက်အလက်အသစ်တွေ့ထားတယ်.. လူကြီးမင်းရှဲ့.. ခင်ဗျားရဲ့ဓားအကြောင်းကိုရော ပြောပြပေးလို့ရမလား"" သဲလွန်စနောက်လိုက်ရင်း စတိုးဆိုင်အထိ ရောက်သွားလို့"
ရှဲ့လင်က ဆက်ပြောသည်။
" လမ်းကြုံ ဝယ်လာခဲ့တာ"ဒီအရူးကောင်!!
အစတုန်းကတော့ သူတို့နှစ်ယောက် ပြစ်မှုကျူးလွန်သည့်နေရာတွင် တိုက်တိုက်ဆိုင်ဆိုင် ပထမဆုံးတွေ့ဖူးကြခြင်းဖြစ်သည်ဟု ကျိမင်ရွေ့ တွေးထားမိသည်။
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...