Unicode
သိပ်မကြာသေးခင်အချိန်က လက်ကောက်ဝတ်နှစ်ခုကို လည်စည်းနှင့် ချည်ခဲ့ဖူးသလို တစ်ယောက်၏ ထီးရိုးချွန်က ကျန်တစ်ယောက်ကို ထိုးမိခဲ့ဖူးသည်။
သို့သော် ချီချင်း၏ ထိန်းချုပ်မရသော အခြေအနေကြောင့်သာ သူတို့နှစ်ယောက် တည်တည်ငြိမ်ငြိမ်နှင့် မျက်နှာချင်းဆိုင်၍ စကားပြောနိုင်ခြင်း ဖြစ်လေသည်။
သူ ထွက်မလာခင်က ရှဲ့လင် အိပ်နေလောက်မည်ဟု သူ မတွေးမိ။ သူ ပြောချင်ရာ ပြောပြီးမှသာ ထိုအတွေး ခေါင်းထဲ ဝင်လာသည်။ အသံပေါင်းစုံ ကြားနေရသော အခြေအနေကို ထိန်းချုပ်မရနိုင်သကဲ့သို့ သူ့အပြုအမူတွေကိုလဲ သူ ထိန်းချုပ်မရတော့။
"..."
ရှဲ့လင်က သူ့ကို အိမ်ထဲဝင်ခိုင်းလိုက်သည်။
" အိမ်ထဲ ဝင်လေ.. ကိုယ် ခေါင်းလျှော်ထားတာ ခြောက်အောင် သုတ်မလို့ ခဏစောင့်ဦး"ရှဲ့လင်က အခုလေးတင်မှ ရေချိုးပြီးစဖြစ်၍ ဆံစတွင် ရေစက်လေးများ တွဲခိုနေ၏။ ရေသုတ်လက်စဖြစ်၍ ပွနေသော ဆံပင်တို့က မျက်လုံးကိုပင် ဖုံးနေသည်။ သူ့ခေါင်းမှ ရေစက်အချို့မှာ ချီချင်းလက်ပေါ် ကျသွားသည်။
ချီချင်း၏ လက်ဖမိုးတွင် အေးစက်မှုကို ခံစားလိုက်ရသည့်အတွက် အိပ်မပျော်၍ လုပ်ချင်ရာ လျှောက်လုပ်နေရာမှ လန့်နိုးသွားသလို ခံစားလိုက်ရသည်။
" ခင်ဗျား အခု အိပ်တော့မယ်ဆိုရင် နောက်နေ့ရွှေ့လိုက်လဲ ရပါတယ်"ရှဲ့လင်က ဆံပင်များဖုံးနေ၍ သိပ်မမြင်ရသောကြောင့် မျက်လုံးကျုံ့ကာ ပြောလိုက်သည်။
" ကိုယ် မအိပ်သေးပါဘူး.. ဝင်ပါ"ချီချင်းလဲ ဆိုဖာပေါ်ဝင်ထိုင်သည်။
ဆံပင်မခြောက်တခြောက်ဖြစ်သည်အထိ လေမှုတ်စက်နှင့် မှုတ်ပြီးနောက် ရှဲ့လင် ရေချိုးခန်းထဲမှ ပြန်ထွက်လာသည်။ ဘာမှမလုပ်ရသေးသော်လဲ ရှဲ့လင်ဆံပင်တို့က ဖြောင့်စင်းနေသည်။ ထို့နောက် ရေခဲသေတ္တာဖွင့်၍ ရေတစ်ခွက် ငှဲ့သည်။
" မင်း ဆေးသောက်ပြီးပြီလား"ဆူညံနေသော အက်ကွဲသံများကြားမှ ရှဲ့လင်၏ အသံကြည်ကြည်လေးကိုတော့ ချီချင်း သေသေချာချာ ခွဲခြားနိုင်သည်။
"အင်း"
ထို့နောက် ထပ်မေးလာမည်စိုး၍ ဖြည့်ပြောလိုက်သေးသည်။
" အဖျား ပျောက်သွားပြီ"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...