Unicode
ရန်ချင်း၏ နောက်ခံအခြေအနေမှာ သူတို့ဘားတွင်တွေ့ခဲ့သော ယန်ကျန်းကျန်းနှင့် ရေခဲသေတ္တာထဲ အပိတ်ခံရသော ရွှယ်မေ့တို့မှာ အတော်လေးတူသည်။ ရန်ချင်း ပြောသည်ကို နားထောင်နေရင်း သူတို့သုံးယောက်၏ မျက်နှာများက ချီချင်းစိတ်ထဲ အတူတကွ ပေါ်လာသည်။
ရန်ချင်းက ဆက်ပြော၏။
" ကျွန်မလဲ အရင်ဆုံး အလုပ်လုပ်တဲ့နေရာနဲ့နီးတဲ့ နေရာတစ်ခု ရှာဖို့ပြင်ရတာပေါ့.. ကုမ္ပဏီက ကျွန်မကို နေထိုင်စရိတ် အများကြီးပေးတာမဟုတ်တော့ လဝက်အတွင်း အိမ်ရှာနိုင်မှ ဖြစ်မှာ.. ဒီလောက်အချိန်တိုအတွင်း အိမ်ရှာဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ.. ရွေစရာလဲ ရှားတယ်... အဲ့ဒီ့တော့ Anjia က ပွဲစားတစ်ယောက်က ယန်ယွမ်နဲ့ ထျန်းရွေ့ရပ်ကွက်က အိမ်တွေကို လိုက်ပြတယ်... မတော်တဆဖြစ်ထားလို့ အဲ့ဒီ့ကအိမ်တွေ ဈေးကျနေတယ်တဲ့"....
လွန်ခဲ့သော တစ်လက
ယန်ယွမ်ရပ်ကွက် တိုက်တစ်တိုက်တွင်...
" မိန်းကလေးရန်... လက်ရှိ ဈေးကွက်အတိုင်းဆိုရင် ဒီလိုငွေကြေးမျိုးနဲ့ တစ်ခန်းထဲပါတဲ့ အိမ်မျိုးကိုပဲ ငှားလို့ရမှာ... အခု အခန်းနှစ်ခန်းတောင်ပါတဲ့အိမ်ကို ငှားနိုင်တယ်... အပြင်အဆင်ကလဲ မဆိုးဘူး.. တန်ပါတယ်ဗျ"
အဆိုပါပွဲစားက တိုက်ခန်းငှားနိုင်အောင် ထိုးရောင်းနေသည့်အတိုင်းပင်။
" အခုတလော ဒီရပ်ကွက်ကို ရဲတွေ ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နေတာ အရမ်းလုံခြုံတယ်... အမှုဖြေရှင်းနိုင်ဖို့ကလဲ အနှေးနဲ့အမြန်... လူသတ်သမားကလဲ ဒီနေရာကို ပြန်မလာလောက်တော့ပါဘူး.. ဟုတ်တယ်မလား.. ရဲတွေ ဒီလောက်များနေတာ သူ လာရင်လဲ အဖမ်းခံရမှာ"ရန်ချင်းက ကြောက်တတ်သည်။ သရဲကားကြည့်ပြီးရင်တောင် ညဘက်မအိပ်ရဲ။ လူသတ်မှုဖြစ်ထားသော ရပ်ကွက်တွင် နေရမည်ဆိုတော့ စဉ်းစားရုံနှင့်ပင် ကြောက်စိတ်ဝင်လာသည်။
" ထားလိုက်ပါတော့... တခြားရပ်ကွက်မှာရော အိမ်မရှိတော့ဘူးလား"" ခင်ဗျားက အလုပ်နေရာနဲ့လဲ နီးချင်တယ်ဆိုတော့ ဒီနေရာက အသင့်တော်ဆုံးပဲဗျ... တကယ်လို့ နည်းနည်းတော့ ဝေးတဲ့နေရာဆိုရင် ယွီထင်းရပ်ကွက်က ခင်ဗျားလိုအပ်ချက်နဲ့ အကိုက်ညီဆုံးပဲ... ဒါပေမဲ့ ဈေးကတော့ နည်းနည်းများတယ်... အခန်းကလဲ suite ခန်းဗျ... အဲ့ဒီ့အခန်းက သူ့သားလက်ထပ်ပွဲအတွက်ဆိုပြီး အိမ်ရှင်က ပြင်ထားခဲ့တာ.. အခန်းငှားတာ ပထမဆုံးပဲ... တစ်ချက်လောက် သွားကြည့်ချင်လား"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...