Unicode
( ဆက်မဖတ်ခင် ဘယ်သူက ဘယ်သူ့ကို စိုးရိမ်တယ်ဆိုတာလေး ဖြေသွားကြပါလား အပျော်ပေါ့😘)
" ကျွန်တော်တို့ လိုင်စင်နံပါတ်ကို စစ်ဆေးပြီးပြီ အတုလုပ်ထားတာ အမှန်ပဲ.. ကားပိုင်ရှင်ကို မတွေ့ရတော့ဘူး.. လိုင်စင်ထဲက ကားမော်ဒယ်က အတော်လေးဟောင်းနေပြီ... ကြည့်ရတာ နိုင်ငံခြားက တင်သွင်းတဲ့ ကားနဲ့တူတယ်... ရှင်းရှင်းပြောရရင် လတ်တလော အရောင်းအဝယ် လုပ်လောက်တဲ့ ကားမျိုးမဟုတ်ဘူး.. အဲ့ဒီ့တော့ မှတ်တမ်း မရှိဘူး"
ချီချင်းက ပြန်ရောက်လာပြီးပြီးချင်း ရေအရင်ချိုးသည်။ ကျိမင်ရွေ့က ရှဲ့လင်ကိုရော သူ့ကိုပါ စုံစမ်းရသမျှ ဖုန်းဆက်၍ တင်ပြသည်။
ချီချင်းက ရှဲ့လင်၏ ဧည့်ခန်းထဲ ရောက်နေကာ ကျိမင်ရွေ့၏ တင်ပြချက်ကို နားထောင်၏။ သို့သော် တဝက်လောက်အကြာတွင် သူ့နားထဲ အူသွားသည်ကို ခံစားလိုက်ရသည်။
ရုတ်တရက်မို့ အလန့်တကြားနှင့် နားပိတ်လိုက်သည်။ ဖြည်းဖြည်းချင်း လက်ပြန်ရုတ်တော့မှ အက်ကွဲကွဲအသံလဲ ပျောက်ဆုံးသွားလေ၏။
ထို့နောက် ကျိမင်ရွေ့၏ အသံကို ပြန်ကြားလာရသည်။
ကျိမင်ရွေ့ : " ပြီးတော့ ကားသမား ကြည့်ရတာ တရုတ်နဲ့မတူဘူး... အနောက်တောင်ဘက် နိုင်ငံကနဲ့တူတယ်"
ထို့ကြောင့် ရှဲ့လင်က ပြန်ဖြေသည်။
" ကျွန်တော်လဲ သူ့ကို တရုတ်လူမျိုးလို့ မထင်ဘူး.. မျက်နှာလဲ အုပ်ထားတယ်... သူ့ရဲ့ အချက်အလက်တတွေလဲ သိပ်ရှာလို့ရမယ်မထင်ဘူး"ကျိမင်ရွေ့ : "အမှန်ပဲ.. အချက်အလက်တွေ တော်တော်ရှာရခက်တာ... CCTV မှတ်တမ်းတွေ ကျွန်တော်ကြည့်ပြီးပြီ... ခင်ဗျားတို့ ကြောက်ဖို့ကောင်းအောင် ကားပြိုင်ကြတာပဲနော်"
ကားသမားကိုသာ မှတ်မိလိုက်ရင် ဘယ်လောက်ကောင်းမလဲ ....
ကျိမင်ရွေ့ ထိုသို့တွေးနေတုန်း ရှဲ့လင်၏ စကားများကို ကြားလိုက်ရသည်။
" ကားပေါ်ထိုင်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင် အရပ်က ၁၇၈ လောက်ရှိမယ်... ဘယ်လက်က အမြဲတမ်း စတီယာရင်ပေါ် ရှိနေတာဆိုတော့ ဘယ်သန်ဖြစ်လောက်တယ်"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...