22

4.2K 664 40
                                    

(Warning ⚠️ )

"ဘာကြောင့်လဲ"

ခပ်ပြတ်ပြတ် စံတုအသံမှာ တင်းမာနေ၏။ စင်ကာပူမှ ပုဂံရောက်သည်အထိ လမ်းခရီးတွင် မဟုတ်လောက်ပါဘူး အတွေးနှင့် စိတ်မောလူမော ဖြစ်ခဲ့ရသမျှ ကိုယ့်ချစ်သူက သူစိမ်းတစ်ယောက်၏ ခါးဖက်ကာ ဆိုင်ကယ်စီးနေသည့် မြင်ကွင်းဖြင့် ခရီးဦးကြိုခံရသည်။

ချစ်သူသက်တမ်း ၂နှစ်ကျော် ၃နှစ်အတွင်း စီးခဲ့တဲ့ ကားကိုတောင် မမြင်နိုင်အောင်၊ မမှတ်မိနိုင်အောင် တခြားတစ်ယောက်ရဲ့ ကျောပြင်ပေါ်မှာ အသားကျနေလေရဲ့။

"ဖြေလေ ခန့်..အဲ့ဆံပင်တွေကရော ဘာတွေဖြစ်ကုန်တာလဲ ကိုယ်နားလည်အောင် ရှင်းပြစမ်းပါ"

ဖွေးဖွေးလှုပ်နေသည့် ဆံနွယ်များထံမှ စံတုအကြည့်လွှဲလိုက်သည်။ သူတောင်မမြင်ဖူးတဲ့ ပုံစံလေးကို သူစိမ်းတစ်ယောက်ဦးစွာမြင်တွေ့ရသည်ဆိုသည့် အသိနောက် မျက်နှာထက် လက်ဖဝါးဖြင့် အကြမ်းပရမ်းပွတ်ချမိလိုက်သည်။

"ကိုကိုကရော ဘာလို့ထားခဲ့လဲ"

"ဘာ!"

လက်သီးလေး ကျစ်နေအောင်ဆုပ်ကာ ပြန်အော်လာသည်ကြောင့် သူ့မှာ တအံ့တသြဖြစ်ရသည်။

"မဆူနဲ့..မကြိုက်ဘူး"

အပြောင်းအလဲမြန်စွာပင် ရင်ခွင်ထဲတိုးဝင်၍ သူ့ခါးနားတစ်ဝိုက် တင်းကြပ်စွာ ပွေ့ဖက်လာပြန်သည်။ စိတ်ပူဒေါသတွေက မိုးရွာချပစ်လိုက်သလို ဟုန်းခနဲ ငြိမ်းကာ ရင်ခုန်သံက မြန်လာရသည်။

"ခန့်က ဆိုးလို့လေ"

"ဆိုးလည်း မဆူနဲ့၊ ကျွန်တော်ဆိုးသမျှ ခံရမှာ ကိုကို့တာဝန်ပဲ"

ခန့်က သိပ်တော်သည့် အချစ်မှော်ဆရာလေး ဖြစ်သည်။ သူ့အားနည်းချက်ကို သိသည့် ကောင်ဆိုးလေးလည်း ဖြစ်ပြန်၏။

"ဒါပေါ့..ခန့်ဆိုးသမျှက ကိုယ့်တာဝန်နော်"

တင်းကြပ်စွာ ပြန်လည်ပွေ့ဖက်ခြင်းတွင် ရင်ခုန်သံတွေ ထပ်တူကြပြန်၏။ မပြောမဆိုနဲ့ ဆံပင်အရောင်ဆိုးတာတွေ၊ အဆက်အသွယ်ဖြတ်တာတွေ၊ သူစိမ်းနဲ့ ခရီးထွက်တာတွေက စကားတစ်ခွန်းနဲ့ ချေဖျက်ပေးနိုင်ခဲ့တာပဲ။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Kde žijí příběhy. Začni objevovat