4

6.3K 1K 50
                                    

ကျိန်းစပ်လာသော မျက်လုံးအတွင်းသားများကြောင့် ကီးဘုတ်ပေါ်တွင် တတောက်တောက်ဖြင့် လှုပ်ရှားနေသော လက်ချောင်းများအား တုန့်ခနဲ ရပ်ချလိုက်ရသည်။ ကိုက်ခဲနေသော မျက်ခုံးရိုး နှင့် နှာရိုးများကို လက်မနှင့် လက်ညိုး ညှပ်ကာ ဖိ၍နှိပ်နယ်လိုက်သည်။ ဒီတစ်ခေါက် အပ်ထားသည့် Client သည် အရိုးများတယ် ချေးခါးတယ် လုပ်နေ၍ စံတုတစ်ယောက် Video အား အစအဆုံး ပြန်ပြင်နေရသည်မှာ အခေါက်ပေါင်း မနည်းတော့ပေ။ နှာခေါင်းကို သိသိသာသာ အလုပ်ပေးပြီး အနံ့ရှူကြည့်တော့ ချဉ်စုပ်စုပ် အနံ့က ထွက်လာသည်။ ထိုအနံ့ ထွက်လာဆို သူ ရေမချိုးတာ ၂ရက်ပင် ရှိနေပါပြီ။
Computer ရှေ့ကလည်း ၂ရက်လုံး မထဖြစ်။ သူ့ဘေးတွင် ၃မိနစ်ရေနွေးအိုး၊ ရေသန့်ကဒ်နှင့် အသင့်စား ခေါက်ဆွဲခြောက်ဘူးအသစ်များ၊ စားပြီးသား ဘူးခွံများက မွစာကြဲလျက်ရှိတယ်။

အလုပ်မအားသည့် ကြားထဲမှ ခန့်ကိုလည်း လွမ်းနေရပါသေးသည်။ ခန့်..ခန့်ဆိုတာ စံတုရဲ့ ချစ်သူကောင်လေး ဖြစ်၏။ ခပ်ချေချေ ရုပ်လေးနဲ့ ခန့်က ရယ်လိုက်ရင် ပါးချိုင့်လေး ရှိတယ်။ အရပ်က သူ့ရင်ခွင်နဲ့တော့ ကွက်တိကျတယ်။ အမြဲ သပ်သပ်ရပ်ရပ်နေတတ်တဲ့ ကောင်လေး။ သူ အလုပ်များပြီး ရေမချိုးမိရင် ခန့်ကိုယ်တိုင် သူ့တိုက်ခန်းထိ ရောက်လာပြီး ရေချိုးခန်းထဲ တွန်းပို့တော့တာပဲ။ ခန့်က စပို့ရှပ်အင်္ကျင်္ီလေးတွေ အဝတ်များတယ်။ လူကောင်လည်း သေး၊ အသားလည်း ဖွေးတော့ ရင်ခွင်ထဲ မြှပ်နေအာင် ဖက်ထားချင်စရာလေး ဖြစ်သည်။
ယောက္ခမလောင်းက ညောင်ဦးဘက် ကျန်းမာရေးဟောပြောပွဲ တစ်ခုသွားတော့ ခန့်ကိုပါ အပါခေါ်သွားသည်။ သူ့မှာ အလုပ်များသည့်ကြားထဲမှ အလွမ်းပိုနေရပါသည်ပေါ့။

"လွမ်းတယ် ကိုယ့်ကလေးရဲ့"

အလွမ်းပေါ် အလွမ်းဆင့်တော့ လူက ပိုပင်ပန်းကာ နုံးချိလာသည်။ ရေချိုးချရန် ရေချိုးခန်းထဲရောက်တော့ နံရံထက်ရှိ မှန်တွင် သူ့ပုံစံက ညှင်းသိုးသိုး။ ဆံပင်တွေလည်း မညှပ်ဖြစ်၍ နောက်သို့ လှန်ကာ စည်းထားရသည်။ အိပ်ရေးပျက်ရသော ညပေါင်းမနည်း အိပ်ချိန်မမှန်၍ မျက်လုံးများ ချိုင့်ကာ ဝင်နေသည်။ ဘေဘီ ပြန်လာမည့် ရက်အမှီတော့ သူ အနည်းငယ် ပြင်ကာဆင်ကာ ပြန်နေရပါမည်။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now