23

4.4K 688 55
                                    

မှောင်ပိန်းနေတဲ့ အခန်းချောင်မှာ ခန္ဓာကိုယ်ကို ကျုံ့သထက်ကျုံ့၍ဒူးနှစ်ချောင်းကို ပိုက်ထိုင်လျက် ငိုကြွေးနေမိသည်။ ခပ်လှမ်းလှမ်းမှ ဖုန်းသံသည် အဆက်မပြတ်ထွက်လာ၏။ ကိုကိုဆိုတာ သေချာနေ၍ ရင်တွေပေါက်ကွဲထွက်မတက် နာကျင်ရပါသည်။

တရိပ်ရိပ်ဝိုးတဝါးပြန်မြင်လာတဲ့ ဖုန်းမျက်နှာပြင်ထက်က လှုပ်ရှားမှုပုံရိပ်တွေ။ ကြောက်ရွံ့စွာ မျက်ဝန်းတွေအား မှိတ်ချပစ်တော့ ထိုနေ့က အဖြစ်အပျက်များက အိပ်မက်ဆိုးတစ်ခုလို ထင်ရှားစွာ ပုံပေါ်လာ၏။

ကိုကို စင်ကာပူသွားသည့်နေ့က မေ့အိမ်သို့ ပြန်လာခဲ့သည်။ မထင်မှတ်စွာဘဲ jack က အချိန်ကိုက် ရောက်လာခဲ့ပြန်တယ်။

"ဒီအိမ်က မင်းဝင်ချင်တိုင်း ဝင်လို့မရဘူး Jack"

ခါးထောက်ရပ်နေသည့် Jack က ခေါင်းမော့ကာ ဇာတ်လမ်းတွေထဲမှ လူယုတ်မာကဲ့သို့ အော်ရယ်ပြလာသည်။

"အိမ်ကြီးရှင်က ငါ့ဆီမှာ မွှန်ပြီး သူ့အိမ်သော့ပေးထားတာလေ ခန့်လေးရဲ့..ခန့်လေးက အိမ်ကို သိပ်ပြန်မလာဘူးနော်..ဖေဖေ့အိမ်ရောက်နေတာလား..ဒါမှမဟုတ် ဟို လခစား အက်ဒစ်တာကောင်အိမ်မှာ ကာမအရသာ သွားခံစားနေတာလား"

"ကိုကို့ကို မစော်ကားနဲ့ Jack! ကိုကိုက မင်းလို တဏှာရူးမဟုတ်ဘူး..မေမေ့ကိုလည်း မင်း ကစားလို့ဝရင် ဖြတ်လိုက်တော့..မင်းမှာ စပွန်ဆာ မမတွေ ပေါပါတယ်"

ကိုခန့်လို အချေကောင်တစ်ယောက်အတွက် တစ်ဖက်လူကို အထိနာစေသည့် စကားလုံးများ ရွေးချယ်ပြောဖို့ရာ မခက်ပေ။ ယခုတလော ရွာသားတွေနဲ့ ပေါင်းသင်းဆက်ဆံရ၍သာ သူက သဘောမနောကောင်းသည့် မန်နေဂျာပုံစံဖြစ်ခဲ့တာ။ ဒီလို လူ့ငနွားအတွက်တော့ နားဝင်ချိုသည့် စကားလုံးများ မပြောပေးနိုင်။ မျက်နှာပျက်သွားသည့် jack က အရှိုက်ထိသွားခြင်း ဖြစ်ပါလိမ့်မည်။

"ဒါပေါ့..ငါ့မှာ စပွန်ဆာမမတွေ သိပ်ပေါတယ်၊ ဒါကြောင့် ငါ့မှာ လက်နက်တွေလည်း ပိုများတယ်..သိလားခန့်လေး၊ ခန့်လေးမရှိတဲ့အချိန် ကိုယ် ဒီအိမ်ရောက်ရင်လေ..ခန့်လေး အခန်းထဲဝင် ခန့်လေးကို စိတ်ကူးယဉ်ပြီး..သိတယ်မလား"

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now