အပိုင်း 6

381 40 0
                                    

အခန်း(၆) : စံအိမ်တော်၏ ပထမဆုံးယှဉ်ပြိုင်မှု

သိုင်းပညာယှဉ်ပြိုင်ပွဲကြီးကျင်းပဖို့ နှစ်ရက်သာလိုပေတော့သည်။

ယဲ့ချိုးပိုင်သည် အမတဓားရေးပြပွဲပန်းချီကားရှေ့မှာ မတ်တတ်ရပ်နေလေသည်။

သူသည် တစ်စုံတစ်ရာကို ထိုးထွင်းသိမြင်နိုင်ရန် ရှုမှတ်နေပုံပေါက်ပြီး ဓားသွားချီစွမ်းအင်လှိုင်းလုံးကြီးက သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

သူ့ကိုယ်ရောင်ကိုယ်ဝါကလည်း မြန်မြန်ဆန်ဆန်အဆင့်တက်သွားပြီး ရွှေရောင်ဆေးဝါးဗဟိုချက်အထွတ်အထိပ်အဆင့်ကိုပင် ရောက်သွားချေပြီ။

သူ့ကျင့်ကြံရေးအဆင့်က ထပ်တက်သွားပြန်ပြီဆိုတာကို ခံစားမိလိုက်တော့ သက်ပြင်းမချဘဲမနေနိုင်ပေ။

"ထင်ထားတဲ့အတိုင်း ဆရာကတော့သိပ်တော်တာ။ ဒီပန်းချီကို ငါကြည့်လိုက်တဲ့အခါတိုင်း ဓားသိုင်းတာအိုကို ရှုမြင်နိုင်စွမ်းကလည်း တစ်ခေါက်နဲ့တစ်ခေါက်မတူဘူး"

အကယ်၍သာ ဤပန်းချီကားသည် လုချန်ရှန်း ပျင်းလို့ဆွဲထားသည့်ပန်းချီကားမှန်း သိသွားပါက ယဲ့ချိုးပိုင်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။

သို့သော် သုံးရက်တာမျှကျင့်ကြံပြီးနောက်မှာ ယဲ့ချိုးပိုင်သည် ကျင့်ကြံရခက်ခဲသောအဆင့်တစ်ခုကို ရောက်လာသည်ဟုခံစားမိလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ယဲ့ချိုးပိုင်သည် လျှို့ဝှက်တာအိုကျောင်းတော်ကြီးအကြောင်းကို ပိုသိလာရသည်။

လျှို့ဝှက်တာအိုကျောင်းတော်ထဲမှာ ထောက်ပံ့ရေးအမှတ်များသည် အကဲဖြတ်စစ်ဆေးမှုအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။

ထောက်ပံ့ရေးအမှတ်များကို ကျင့်ကြံရေးနည်းဗျူဟာနှင့် သိုင်းပညာနည်းဗျူဟာများကို ရွေးချယ်ရယူနိုင်သော ရတနာမဏ္ဍပ်ထဲကိုဝင်ရာတွင် သုံးနိုင်လေသည်။ သို့မဟုတ်ပါက သဘာဝရတနာများကို လဲလှယ်ရာတွင်လည်း သုံးနိုင်သေးသည်။

ထောက်ပံ့ရေးအမှတ်များကို ရယူနိုင်သည့် နည်းလမ်းသုံးမျိုးရှိသည်။

ငါ့တပည့်တွေက ဘုရင်တွေ Hikayelerin yaşadığı yer. Şimdi keşfedin