အပိုင်း 120

261 31 0
                                    

အခန်း ၁၂၀ : ကြိုးစားအားထုတ်ခြင်း

ညစာစားသောက်ပြီးနောက် ယဲ့ချိုးပိုင် လုချန်ရှန်းကိုသွားရှာလိုက်သည်။

လုချန်ရှန်းက ယဲ့ချိုးပိုင်ကိုလှမ်းကြည့်၍ ပြောလာလေသည်။

"ဘာဖြစ်လို့လဲ။ မင်းရဲ့အရှုပ်ထုပ်ကို ဖြေရှင်းပေးရဦးမှာလား"

ယဲ့ချိုးပိုင် : "..."

သူ့ဆရာတူညီမလေးအစား ကိုယ်စားအပြစ်ခံယူခဲ့ရကတည်းက သူ့ဆရာ၏နှလုံးသားထဲရှိသူ့ပုံရိပ်မှာ ပျက်စီးခဲ့ရလေသည်။

သူဟာ ပြဿနာရှာဖို့သာတတ်ပြီး အခြားလူများကို စိုးရိမ်ပူပန်အောင်လုပ်တတ်သည့်တပည့်တစ်ယောက်ဖြစ်လာခဲ့သည်။

ထိုအကြောင်းကိုတွေးရင်း ယဲ့ချိုးပိုင်ခမျာ ခါးသီးစွာပြုံးလိုက်မိပြီး ခေါင်းခါယမ်းပြလိုက်၏။

"ဆရာ ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ"

"သြော် မေးလေ"

ဤသို့ဖြင့် ယဲ့ချိုးပိုင်လည်း မုကျီချင်း၏ရုပ်ပိုင်းဆိုင်ရာပြဿနာအကြောင်းနှင့်  ဆရာ့မှာ ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုလောက် ရှိနိုင်လောက်သည်ဟုခန့်မှန်းမိကြောင်း ပြောပြလိုက်သည်။

လုချန်ရှန်းလည်း ထိုအကြောင်းကိုကြားလိုက်ရသောအခါ အနည်းငယ်ရှုပ်ထွေးသွားရသည်။

ဒါက ဘယ်လိုခန္ဓာမျိုးလဲ။ ငါက ဘယ်လိုလုပ်သိမှာလဲဟ...

သူ တစ်စုံတစ်ခုပြောတော့မည့်ဆဲဆဲမှာတင် သူ့အာရုံထဲ၌ အသံတစ်သံပဲ့တင်ထပ်လာပေသည်။

[ရေခဲဝိညာဉ်အာရုံကြောဖွဲ့စည်းမှု။ ဒီလိုဖွဲ့စည်းပုံမျိုးရှိတဲ့လူတစ်ယောက်က ကံကောင်းမှုနဲ့ ကံဆိုးမှုအပေါ်မှီခိုနေရတာပါ]

[ကပ်ဘေးတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေခဲဝိညာဉ်အာရုံကြောရဲ့စွမ်းအားကို ကိုယ့်အတွက်ကိုယ်ပြောင်းလဲပြီးမသုံးနိုင်ရင် ရေခဲစွမ်းအင်ဆီက တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ်။ အဲ့ဒီအချိန်ကစပြီး သူ့ဝိညာဉ်နဲ့ခန္ဓာကိုယ်လည်း ပျောက်ကွယ်သွားလိမ့်မယ်]

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now