အပိုင်း 122

283 29 0
                                    

အခန်း ၁၂၂ : မြင်ရကြားရသမျှအရာရာ

တောင်ပိုင်းသဲကန္တာရ၊ လူသူကင်းမဲ့ရာနယ်မြေ...

သဲကန္တာရထဲတွင် သေစေနိုင်လောက်သောမှော်ဝင်သားရဲအမျိုးအစားပေါင်းများစွာရှိ​ရုံကြောင့်သာမက ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း အလွန်ပါးလျသောကြောင့် လူသူဆိတ်ငြိမ်နေရခြင်းဖြစ်၏။

သိုင်းပညာကျင့်ကြံသူများအနေနှင့် ဤနေရာမှာတိုက်ခိုက်မှုပြုပါက သူတို့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာစွမ်းအင်များ အဆက်မပြတ်ကုန်ခမ်းရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ပြင်ပကမ္ဘာရှိဝိညာဉ်ရေးရာချီစွမ်းအင်ကိုလည်း စုပ်ယူ၍မရနိုင်ပေ။

ထို့ကြောင့် ဤနေရာမှာ အချိန်အတော်ကြာအောင်တိုက်ခိုက်၍မဖြစ်နိုင်ပေ။ သာမန်လူများမှာ ဤနေရာရှိမှော်ဝင်သားရဲများကို မကိုင်တွယ်နိုင်ကြပေ။

ဤနေရာတွင်သိုင်းပညာကျင့်ကြံကြသော ကျင့်ကြံသူများ၏ကျွမ်းကျင်မှုမှာလည်း အလွန်နိမ့်ပါးလှသည်။

ထိုအခိုက်တွင် တောင်ပိုင်းဒေသ၏ပညာရှင်များမှာ ဤနေရာတွင် အစီအရင်များတည်ဆောက်နေကြပေသည်။ သူတို့ခန္ဓာကိုယ်ထဲတွင် သိုမှီးထားသောစွမ်းအင်များကို အချိန်ပြည့်ထိန်းသိမ်းထားရမည်ဖြစ်၏။

"အားလုံးပဲ စကြစို့"

ချင်းထျန်းနျန်က လုချန်ရှန်းကိုကြည့်၍ ပြောလိုက်သည်။

"အစီအရင်ကို တည်ငြိမ်အောင်လုပ်ဖို့မမေ့နဲ့။ အခွင့်အရေးရရင် အားဖြည့်ပေးဖို့မမေ့နဲ့"

အားဖြည့်ပေးရမည်တဲ့လား။

လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

ချက်ချင်းပင် လူအားလုံး သူတို့၏ကျင့်ကြံစဉ်များကို စတင်ထုတ်လွှတ်ကြလေတော့သည်။

သူ ချိတ်ပိတ်အစီအရင်ကို အသက်သွင်းလိုက်လေရာ ချိတ်ပိတ်စွမ်းအင်တန်းများက ကျဉ်းမြောင်းလှသောအက်ကွဲကြောင်းအဟများထဲကို စတင်စုစည်းသွားလေတော့သည်။

ဤဟင်းလင်းပြင်မှာ အလွန်အမင်းမတည်မငြိမ်ဖြစ်နေလေသည်။ အထဲကို သူဝင်ရောက်လိုပါက ၎င်းကိုတည်ငြိမ်အောင်လုပ်ရန်အတွက် ချိတ်ပိတ်အစီအရင်ကို အသုံးပြုရမည်ဖြစ်၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now