အပိုင်း 94

321 37 0
                                    

အခန်း ၉၄ : ဒီငတုံးလေးက နယ်နယ်ရရတော့မဟုတ်ဘူး

ကျောင်းအုပ်ကြီးယန်ကတော့ လျှို့ဝှက်တာအိုကျောင်းတော်သို့ ပြန်သွားပြီဖြစ်၏။

ဥပဒေပြဋ္ဌာန်းရေးခန်းမ၏အကြီးအကဲလည်း ကျောင်းကိုပြန်လာခဲ့ပြီး  အခြေအနေကိုတင်ပြရန်အတွက် အလယ်ပိုင်းအထွတ်အထိပ်ရှိ ပင်မခန်းမဆောင်ဆီသို့ ပြန်လာခဲ့လိုက်သည်။

ခေါင်းဆောင်ယန်က အပြုံးလေးဖြင့်ပြောလေသည်။

"တော်တယ်"

"ဒါပေမဲ့ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ကအဆင့်ခုနစ်သမားကို ဘယ်လိုသတ်လိုက်ကြတာလဲ"

လူတစ်ဦး၏ကျင့်ကြံရေးအဆင့်မြင့်လေလေ ထိုလူကိုသတ်ဖြတ်ရန်ခက်ခဲလေလေဆိုသည်ကို သိထားရပေမည်။

ထိုလူ၏ကျင့်ကြံရေးအဆင့်က မြင့်မားနေပြီး ခွန်အားကလည်း သန်မာလှသည်ဟူသောအချက်ကို ဘေးဖယ်ထားလိုက်လျှင် ကျင့်ကြံရေးအခြေခံမြင့်သောပညာရှင်တိုင်းတွင် အသက်ကယ်နည်းလမ်းတစ်ခုစီရှိကြသည်။

ထိုသူ၏တိုက်ခိုက်ရေးစွမ်းရည်ကို အတိအလင်းမဖိနှိပ်ထားနိုင်သရွေ့ ထိုလူကိုသတ်ပစ်ရန်မှာ လွန်စွာခက်ခဲလှပေသည်။

ဤသည်မှာ ကောင်းကင်ဘုံကိုတက်လှမ်းရသလိုပင် ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်သည်။

အကြီးအကဲခမျာ ကြက်သေသေသွားရှာသည်။

"သူ့ကို ငါတို့သတ်တာမဟုတ်ဘူး"

"မင်းတို့မဟုတ်ဘူးလား"

ခေါင်းဆောင်ယန် ထိုအကြောင်းကိုကြားလိုက်ရသောအခါ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။

"ဘယ်သူသတ်တာလဲ။ လျှို့ဝှက်ဓားသွားဂိုဏ်းက တစ်ယောက်ယောက်များလား"

အကြီးအကဲက ခေါင်းခါယမ်းနေဆဲပင်။

"ယဲ့ချိုးပိုင်ရဲ့ဆရာရောက်ချလာတယ်လို့ ကြားခဲ့တယ်"

"သူက အထိန်းတော်မင်နဲ့သံချပ်ကာယန္တရားတပ်ကိုသတ်ဖို့ နှစ်ချက်ပဲလှုပ်ရှားလိုက်ရတယ်တဲ့"

နှစ်ချက်ပဲလှုပ်ရှားလိုက်ရသတဲ့လား..

ခေါင်းဆောင်ယန်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားရချေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Donde viven las historias. Descúbrelo ahora