အပိုင်း 118

262 28 0
                                    

အခန်း ၁၁၈ : တခြားဘာသာဝင်တွေက မတူဘူး

ထျန်းယွမ်မင်းဆက်ဖျက်ဆီးခံလိုက်ရသည့်သတင်းက ရောဂါကပ်ဘေးတစ်ခုနှယ် လျင်လျင်မြန်မြန်ပျံ့နှံ့သွားသည်။ နယ်မြေလေးခုစလုံးလည်း ထိုအကြောင်းကိုသိသွားကြသည်။

ထျန်းယွမ်မင်းဆက်ကို ဓားသိုင်းကျင့်ကြံသူယဲ့ချိုးပိုင်နှင့် သူ့ဆရာတူညီလေးတို့က ဖျက်ဆီးပစ်ခဲ့လေသည်။

"ဒီထျန်းယွမ်မင်းဆက်က တောင်ပိုင်းဒေသမှာ အတော်ကြီးတဲ့အဖွဲ့အစည်းတစ်ခုမဟုတ်လား"

"ဟုတ်တာပေါ့။ အဲ့ဒါက စွမ်းအားကြီးတဲ့ဖွဲ့စည်းတစ်ခုဆိုပေမဲ့ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ထဲမှာပါတဲ့ ပညာရှင်တော့မရှိဘူး"

လူတိုင်းနားလည်ထားကြသည်မှာ တောင်ပိုင်းဒေသဟာ အလွန်အမင်းခေတ်နောက်ကျလှသည်။

ထျန်းယွမ်မင်းဆက်၏ဘုရင်က ချန်းယွမ်အလယ်အလတ်အဆင့်၌သာရှိသည်။ သူ့ခွန်အားကလည်း ထိုအဆင့်မျိုးတွင် အလွန်သာမန်ဆန်လှသည်။

"ဒါပေမဲ့ ယဲ့ချိုးပိုင်က လျှို့ဝှက်တာအိုပင်မကျောင်းတော်ကလို့ ငါကြားထားတာ"

"လျှို့ဝှက်တာအိုကျောင်တော်ရဲ့ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းမှာ ဓားသိုင်းပညာရှိတစ်ယောက်ရဲ့အမွေအနှစ်ကို ကျော်လွှားနိုင်ခဲ့ရုံတင်မကဘဲ လျှို့ဝှက်ဓားသွားဂိုဏ်းက အမွေအနှစ်ကိုပါ ရခဲ့သေးတာတဲ့"

"ထျန်းယွမ်မင်းဆက်က ဒီလိုမကောင်းဆိုးဝါးမျိုးကို ဘာလို့များရန်စခဲ့ပါလိမ့်"

ထျန်းယွမ်မင်းဆက်ပျက်စီးသွားခြင်းမှာ လူတိုင်းအမြင်တွင် မဖြစ်စလောက်အရာလေးဖြစ်၏။ သူတို့က ကျင့်ကြံရေးပြင်ပရှိအကြောင်းအရာများကို သည်အတိုင်းပြောဆိုနေကြရုံသာ။

မည်သို့ပင်ဖြစ်စေ ထိုသတင်းကို နေမဝင်အင်ပါယာသိသွားချိန်မှာ အလွန်ဝန်လေးသွားကြလေသည်။

ယဲ့ချိုးပိုင်မှာ လုံးဝအရွယ်ရောက်လာပြီး ဆရာတူညီလေးတစ်ယောက်တည်းနှင့်အတူ ထျန်းယွမ်မင်းဆက်ကို ဖျက်ဆီးနိုင်ခဲ့သည်။

တစ်ဖက်လူမှာ ချန်းယွမ်အဆင့်ကိုပင် မဖြတ်ကျော်ရသေးပေ။

သူသာ ချန်းယွမ်အဆင့်ကို ကျော်ဖြတ်ပြီးသွားပါက သူ့ခွန်အားက မည်မျှအားကောင်းလာလိုက်လေမလဲ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now