အပိုင်း 110

254 30 2
                                    

အခန်း ၁၁၀ : အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်

အဂ္ဂိရတ်ဂိုဏ်း၏မဟာအကြီးအကဲများမှာ အဂ္ဂိရတ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ပြီးလျှင် ရာထဴအရာ၌ ဒုတိယနေရာရှိသူပင်။

တတိယအချီကို မဟာအကြီးအကဲက တင်ဆက်မည်ဖြစ်၏။

ထိုအချိန်၌ မြေကွက်လပ်ပေါ်တွင် လူအယောက်နှစ်ဆယ်သာ ကျန်တော့သည်။

ဤအချီကို အဂ္ဂိရတ်ဂိုဏ်း၏အတွင်းစည်းတွင် ကျင်းပခြင်းဖြစ်သောကြောင့် ပွဲကြည့်သူထိုင်ခုံတွင်ရှိနေသူများမှာ အလယ်ပိုင်းဒေသတွင် နောက်ခံအင်အားနေုင့်တင်းသူများသာဖြစ်၏။

သူတို့အားလုံးက အလွန်အမင်းအစွမ်းထက်သောပုဂ္ဂိုလ်များပင်။

လူအရေအတွက်က သဘာဝကျကျပင်လျော့နည်းသွားသည်။

ထိုအခိုက်တွင် မဟာအကြီးအကဲက ပြိုင်ပွဲကျင်းပရာနေရာရှိ အဂ္ဂိရတ်ပညာရှင်များကိုကြည့်ပြီး မျက်မှောင်မကြုတ်ဘဲမနေနိုင်ချေ။

ဘာလို့ လူတစ်ယောက်လျော့နေတာလဲ။

သို့သော် သူ သိပ်အများကြီးဂရုမစိုက်ချေ။

ရှိပါစေတော့လေ...

သူ စတင်တော့မည့်အချိန်မှာပင်...

ဟူချင်းက အကဲဖြတ်ဒိုင်စားပွဲသို့ရောက်လာပြီး သူ့အား ဖြစ်စဉ်အလုံးစုံကိုပြောပြလာသည်။

မဟာအကြီးအကဲမှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိပြီး ပြော၏။

"အဲ့ဒီတော့ရော ဘာဖြစ်လဲ။ အခု အချိန်ကျပြီဆိုတော့ ငါတို့စရတော့မှာပဲလေ"

သူက ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲကို ဝင်ရောက်နိုင်ခဲ့သည့်တိုင် အဂ္ဂိရတ်ဂိုဏ်းဘက်က သူ့အား အထူးအခွင့်အရေးပေးရန် မဖြစ်နိုင်ပေ။

အဂ္ဂိရတ်ဂိုဏ်းဟာ ရှေးရိုးစွဲအဂ္ဂိရတ်ဂိုဏ်တစ်ခုပင်။

၎င်းမှာ ကမ္ဘာပေါ်ရှိ အဂ္ဂိရတ်ပညာရှင်အားလုံးမွေ့လျော်ရာနယ်မြေဖြစ်၏။

သူတို့ဘက်က စောင့်ပေးဖို့အကြောင်းမရှိချေ။

ထိုအခြင်းအရာကိုမြင်သော် ဟူချင်းခမျာ ခါးသီးစွာပြုံးရုံသာ တတ်နိုင်လေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now