𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

5.3K 464 17
                                    


[Unicode]

'ဝုန်း ဒုန်း'

အပေါ်ထပ်အခန်းထံမှ ဆူညံသံများတစ်ချို့ဟာ
ထိုအိမ်ရဲ့မနက်ခင်းအချိန်အခါကို မသာယာစေသည်။
ဒါသည် သူတို့အိမ်၌ဖြစ်လေ့ဖြစ်ထရှိသော မနက်ခင်းဖြစ်နေမလား။

"ဂျွန်ဂျောင်ကု! မင်းဘာတွေလုပ်နေတာလဲ! ငါ့ဆီကမင်းတောင်းသွားတဲ့အဲ့ဒီပိုက်ဆံတွေက
ဘယ်ကိုရောက်သွားတာလဲ? ဟမ်! ငါ့ကိုပြောစမ်းပါဦး!"

ထယ်ယောင်းဒေါသထွက်စွာပင် အသံတွေမှာကျယ်လောင်နေမိသည်။

ဒေါသတထောင်းထောင်းနှင့် ပြောနေသောသူကိုဂရုမစိုက်ဘဲ
ကုတင်ခြေရင်းနားမျက်နှာရှုံ့မဲ့စွာထိုင်နေသောသူ။

ဂျောင်ကုသည် ထယ်ယောင်းနှင့်ပြဿနာတက်လျှင် ဖြေရှင်းချက်အပြည့်အစုံကိုမပေး
မသိသလိုနေ မလုပ်ခဲ့သလိုနေပြီး
အမှန်မဟုတ်တဲ့အကြောင်းပြချက်သာပေးသည်။
စကားများတဲ့အချိန်မှာသာဂျွန်ဂျောင်ကုတို့
စကားပြောနူးညံ့လိမ့်မည်။
တခြားအချိန်များဆိုလျှင် စကားပြောကြမ်းတမ်းသည်။

"ကိုကိုကလည်းဗျာ..ကျနော်ပြောတယ်လေ ကျောင်းက စာအုပ်တွေ၀ယ်ခိုင်းလို့၀ယ်လိုက်ရပါတယ်ဆိုနေ"

"ဂျောင်ကု မင်းစားအုပ်၀ယ်တာအဲ့လောက်ကုန်မလား?"

"သွားစရိတ်ကလည်းရှိသေးတယ်လေဗျာ..ပြီးတော့အမောဖြေဖို့အသောက်အစားကလည်းရှိတယ်မဟုတ်လား..ကိုကို့အတွက်တော့အဲ့ပိုက်ဆံကမပြောပလောက်ပါဘူး၊ ကိုကိုကသူဌေးဘဲလေ"

ပြောတတ်လိုက်တာဂျွန်ဂျောင်ကုရယ်..အဟက် ငါကသူဌေးပေါ့လေ မင်းအတွက်ငွေတွင်းကြီးပေါ့လေငါက..ဟားဟား
မင်းသုံးလိုက်တဲ့ပိုက်ဆံ၈သိန်းကစာအုပ်၀ယ်တယ်ဆိုတာဖြစ်နိုင်ရဲ့လား?ငါ့ကိုအရူးလုပ်နေတာဘဲဂျွန်ဂျောင်ကု။

"ကျစ် ဂျွန်ဂျောင်ကု မင်းကကျောင်းတက်နေတာတော့ဟုတ်ပါပြီ၊ မင်းကိုယ်မင်းအိမ်ထောင်သည်ဆိုတာကောသတိထားမိရဲ့လား? ပိုက်ဆံကိုဖြုန်းချင်တိုင်းဖြုန်းနေရအောင်မင်းကခလေးလား?"

"တော်တော့ကိုကို အိပ်ရာကနိုးတာနဲ့ပြဿနာရှာနေတော့တာဘဲ ကိုကို့လိုCEOကဘာအတွက်ပိုက်ဆံကုန်တာကိုပူပန်နေရတာလဲ"

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now