𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

5.1K 373 38
                                    

[Unicode]

ဂျောင်ကုအိပ်ရာထက်မေ့မျောနေခဲ့သည်မှာသုံးရက်ဆက်တိုက်ပင်။
သွေးတွေအများကြီးဆုံးရှုံးထားသောကြောင့်ပင် ထိုသို့သတိလစ်သွားခဲ့ရခြင်း။

ထယ်ယောင်းမှာစိတ်ထဲကနေလည်းကျိန်ဆဲနေမိသေးသည်။
မနာတဲ့အတိုင်းကိုယ့်အသားကိုယ်ဖြစ်သလိုဖျက်စီးနေတာ။
ဂျောင်ကုကတခါတလေရူးတယ်လို့တောင်သူတွေးမိသည်။
ဘာလို့များ အသားနာအောင်လုပ်ရတာကိုသဘောကျနေတာလဲ?

ထယ်ယောင်းနှစ်ရက်ဆက်တိုက်အလုပ်မသွားပဲဂျောင်ကုကို
ပြုစုပေးခဲ့သည်။ဒီနေ့တော့သူအလုပ်သွားရန်ပြင်လိုက်၏ ။

အဒေါ်ကြီးကိုဂျောင်ကုအားသေချာဂရုစိုက်ရန်မှာခဲ့ပြီး Compnyသို့ထွက်လာခဲ့သည်။

ထယ်ယောင်းထွက်သွားပြီးသိပ်မကြာလိုက် ဂျောင်ကုလည်းသတိရလာခဲ့သည်။

"သခင်လေးဂျွန်သတိရပြီလား"

ကုတင်ဘေးတွင်ရေစိုအ၀တ်နှင့်ရေဇလုံအားသိမ်းနေသည့်အိမ်အကူကောင်မလေးမှဂျောင်ကုအားမေးသည်။
ဂျောင်ကုစိတ်ထဲအလိုမကျမှုနှင့်၀မ်းနည်းမှုကဖြစ်လာ၏ ။

သူသတိရလို့နိုးလာရင်ကိုကို့ကိုအရင်ဆုံးမြင်ချင်ခဲ့မိတာ။
ဂျွန်ဂျောင်ကု အခုမှ ကိုကို့ဆီကဂရုစိုက်မှုတွေကိုလိုချင်နေတာလား။

နေထိုင်သိပ်မကောင်းသေးသည်ကြောင့်သူ့မှာအဖျားငွေ့ငွေ့လေးရှိနေသေးမှန်းဂျောင်ကုသိလိုက်သည်။ ‌အိမ်အကူကောင်မလေးရဲ့ဆွဲထူးပေးမှုကြောင့်နဲ့သူလှဲနေရာမှထကာ ကုတင်ခေါင်းရင်းကိုမှီနေလိုက်သည်။

"ကိုကိုကော?"

"သခင်လေးကင်မ်ကအလုပ်ကိုသွားပြီရှင့်။ ပြီးခဲ့တဲ့နှစ်ရက်လုံးသခင်လေးဂျွန်ကိုပဲပြုစုပေးနေခဲ့တာ အလုပ်တောင်မသွားဘူးလေ၊ ဒီနေ့မှအလုပ်သွားတာ"
"ကျမအဒေါ်ကြီးကို သခင်လေးစားဖို့အတွက်ပြင်ပေးဖို့
သွားပြောလိုက်ပါဦးမယ်"

ထိုကောင်မလေးထွက်သွားသည်နှင့် ဂျောင်ကုပြုံးမိပြန်သည်။ ကိုကိုသူ့ကိုဂရုစိုက်သေးတုန်းပဲကို။
ဘာလို့များသူ့လိုလူကို ကိုကိုကသည်းခံနေလဲမသိ။
အရင်ကခံစားချက်သေနဲ့ဆိုရင်နားလည်မှာမဟုတ်ပေမဲ့ အခုပြန်ရှင်သန်လာတဲ့သူ့ခံစားချက်တွေကြောင့် နားလည်လာသလိုဘဲ။ ကိုကိုကသူ့ကိုသိပ်ချစ်ခဲ့တာ။
လက်နှစ်ဖက်စလုံးကိုကြည့်မိ‌တော့ပတ်တီးအပြည့်နှင့် ဆေးလိမ်းထားသောနှုတ်ခမ်းသည်လည်းနဲနဲလှုပ်လိုက်တိုင်း စပ်ဖျင်းဖျင်းနှင့်နာကျင်နေရတုန်း။
သူကအသားပဲနာရတာ ကိုကိုကနှလုံးသားထဲနာကျင်ခဲ့ရတာမဟုတ်ပါလား။

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now