𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 (Final)

8.6K 397 21
                                    

[Unicode]

"ဂျောင်ကု!!"

"ဂျီ၀န်း!!"

ဂျောင်ကုလက်ကောက်၀တ်ကိုဂျီ၀န်းသည်ခပ်ဖွဖွလေးသာ ကိုင်ဆွဲထားသည်ကြောင့်ဂျောင်ကုရုန်းလိုက်သောအခါ
လွတ်သွားပြီး ဂျီ၀န်းတစ်ယောက်ထဲသာ
ထိုအပေါ်ဆုံးထပ်မှပြုတ်ကျသွားရ၏ ။
ပြုတ်ကျသွားသောဂျီ၀န်းကိုတော့မယုံကြည်နိုင်ခြင်းများနဲ့အတူ ဂျီမင်းကြည့်နေခဲ့၏ ။ ဂျောင်ကုကိုထယ်ယောင်းဟာ
ရင်ခွင်ထဲတင်းကြပ်စွာပွေ့ဖက်ထား၏ ။

"ကင်မ်ဂျီ၀န်း ငါမင်းကိုဒီလိုဖြစ်စေချင်တာမဟုတ်ဘူးလေ။ ငါက မင်းရဲ့အမှားတွေပြန်ပြင်ပြီးပုံမှန်ပြန်ဖြစ်သွားစေချင်တာကွ!!"

ဘယ်လောက်ဆိုးခဲ့လို့ စိတ်ဆိုးခဲ့ပါစေအုံးတော့။ သူငယ်ချင်းဖြစ်ခဲ့တဲ့သူ့အတွက်ကတော့လက်မခံနိုင်ချင်စရာ။ သူဖြစ်စေချင်တာဒီလိုမှမဟုတ်ရပါဘဲ။

ဂျီ၀န်းရယ် မင်းရဲ့အဆုံးသတ်ကဒီလိုတဲ့လားကွာ...

_
ဂျီ၀န်းသည်လူဆိုးတစ်ယောက်ဖြစ်ခဲ့သော်ငြား
သူ၏နှလုံးသားထဲဂျောင်ကုသည်တည်ရှိနေခဲ့၏ ။
_

||
    𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄
                                     ||

ဧည့်ခန်းဆိုဖာတွင်တိတ်ဆိတ်စွာထိုင်နေကြသောသူတို့နှစ်ယောက်။
TVဇာတ်လမ်းတွဲအားဖွင့်ထားသော်လည်းသူတို့အာရုံဟာရှိမနေပါ။
ထိုတိတ်ဆိတ်နေသောအခြေအနေအားဖြိုခွဲလိုက်သည်က ထယ်ယောင်း၏ဖုန်းမြည်သံပင်။
စူးစူးစမ်းစမ်းနှင့်လှမ်းကြည့်နေသောဂျောင်ကုကြောင့် ထယ်ယောင်း စားပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်တော့အကိုဂျွန်း။

"ဟယ်လို"

"ထယ် သန်ဘက်ခါသွားရမယ်တဲ့"

"ဟုတ်ပြီအကိုဂျွန်း။ ကျေးဇူးပါ။"

ဒီလောက်နဲ့သာဖုန်းပြောတာကိုပြီးပြတ်စေပြီး ဂျောင်ကုဘက်ကိုလှည့်ကြည့်တော့ သူ့အားသိချင်သလိုလိုနှင့်ကြည့်နေသည်။

"သန်ဘက်ခါသွားရမယ်တဲ့"

"မြန်လိုက်တာနော်"

ပြောရင်းအနားတိုးကပ်လာသောဂျောင်ကု။
ထယ်ယောင်းမတ်တပ်ထရပ်လိုက်ပြီး တစ်ဖက်သို့မျက်နှာလွှဲကာ

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now