𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.5K 410 9
                                    

[Unicode]

"အကိုဂျွန်း"

သူ့အားနောက်ကျောပေးထိုင်နေသော မတွေ့ရတာကြာပြီဖြစ်တဲ့အကိုဂျွန်း...
အကိုဂျွန်းမှာလည်းသူ့အားတွေ့သည်နှင့်
ပွေ့ဖက်လေသည်။

"လွမ်းနေလိုက်ရတာ"

ဒါကတော့ သူ့ဘက်ကပြောလိုက်တဲ့စကားတစ်ခွန်း။
အကိုဂျွန်းကခေါင်းကိုခပ်ဖွဖွပုတ်ပေးလာသည်။

"အပြင်မှာဒီလောက်အေးနေတာ ဘာလို့များအနွေးထည်မ၀တ်ခဲ့ရတာလဲကွာ"

ဖက်ထားသည်ကိုလွှတ်ပေးရင်း ဆူတယ်လည်းမဟုတ်ဘဲ စိတ်ပူ၍ပြောလိုက်ခြင်း။
ပြောရင်းပင် ထယ်ယောင်းအား နမ်ဂျွန်း သူ၀တ်ထားတဲ့ကုတ်အကျီအနက်ကိုချွတ်၍ခြုံပေးလာသည်။

ချောကလတ်ပူပူနွေးနွေး‌လေးတစ်ခွက်ထယ်ယောင်းအတွက်
မှာပေးပြီး သူတို့‌ နေရာမှာထိုင်ရင်းနမ်ဂျွန်းစကားစလိုက်သည်။

"ထယ် အကိုမရှိတဲ့အတောအတွင်းအဆင်ပြေရဲ့လား?"

အကိုဂျွန်းမေးချင်တာက..သူနဲ့ဂျောင်ကုကို..

စာတွေနဲ့ဘဲလုံးထွေးနေခဲ့ရတဲ့သူ့အတွက်
အပေါင်းအသင်းတောင်မထားနိုင်ခဲ့သော်
အမေရိကားမှာကျောင်းသွားတက်ရင်း အကိုဂျွန်းနဲ့တွေ့ဆုံခဲ့ကာ အရင်းနှီးဆုံးမိတ်ဆွေ‌တွေဖြစ်လာခဲ့တယ်။
အကိုဂျွန်းကသူ့အတွက်တစ်ကယ်ကိုကောင်းမွန်တဲ့
မိတ်ဆွေကောင်း အကိုကောင်းတစ်ယောက်။
အကိုဂျွန်းကပါမောက္ခတစ်ယောက်ဖြစ်သည်။
သူနဲ့ဂျောင်ကုတွေ့တဲ့အချိန်ထိကို အကိုကအမေရိကားမှာဘဲ စာသင်နေခဲ့တာ...သူတွေးမိတာ အဲ့ချိန်တုန်းကသာ အကိုအနားမှာရှိရင် ဂျောင်ကုရဲ့လုပ်ရပ်တွေကိုစောစောသိခဲ့မှာ။ အကိုကလူအကဲခတ်တော်လွန်းတာမို့။
သူနဲ့ဂျောင်ကုလက်ထပ်မဲ့သတင်းကြားမှသာ အကိုအမေရိကားကနေအပြေးလေးလာခဲ့တယ်။
ဂျောင်ကုနဲ့လက်ထပ်ပြီးတစ်လအကြာမှာဘဲ သူကောအကိုဂျွန်းကော ဂျောင်ကုရဲ့အကြံအစည်တွေကိုသိခဲ့ရတယ်။
အကိုဂျွန်းကကွာရှင်းဖို့အကြံပေးပေမဲ့ သူချစ်လို့ယူခဲ့တာဘဲမဟုတ်လား? ပြီးတော့
အကိုဂျွန်းမသိသေးတဲ့ ဘယ်သူမှမသိသေးတဲ့ ကျနော့်ရဲ့လျှို့ဝှက်ချက်ကိုဂျွန်ဂျောင်ကုကသိတယ်။
ဒါကြောင့် သူနဲ့ကွာရှင်းလို့လုံး၀မဖြစ်တာ..
ကျနော်လည်း ဂျောင်ကုကို... ချစ်တယ် ...

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now