𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.5K 425 15
                                    

[Unicode]

ဂျောင်ကုClubတွင်လည်းဘယ်လိုမှစိတ်မပါတော့၍ ကားကိုဒုန်းဆိုင်းမောင်းပြီး အိမ်သို့ပြန်လာခဲ့သည်။
အိမ်ရောက်တော့အဒေါ်ကြီးတို့ကလွဲ သူ(ထယ်ယောင်း)ကတော့ရှိမနေပါ။
ဒီအချိန်ကသူ(ထယ်ယောင်း)အလုပ်ကပြန်လာနေကျအချိန်ပေမဲ့
ညနေကဟိုလူပြောသွားတဲ့'ညစာလိုက်ကျွေးချင်လို့'ဆိုတဲ့စကားကြောင့်ဂျောင်ကုမျက်နှာတွင်စိတ်အလိုမကျမှုတို့က အထင်းသား။

ဘာလဲ!! ဘာကြောင့်ငါက ဒေါသထွက်နေရတာလဲ!? သူ့ဘာသာဘယ်သူနဲ့ဘာလုပ်လုပ်ပေါ့!?

"ကျစ်"

ဧည့်ခန်းတွင်ဖင်ဂနာမငြိမ်ကာ ဟိုလှည့်ဒီလှည့်ဖြင့်စိတ်ရှုပ်နေဟန်တူတဲ့ဂျောင်ကုကို အိမ်အကူကောင်မလေးနှစ်ယောက်စကားသွားပြောဖို့ပင် ကြောက်နေမိကြသည်။
သခင်လေးဂျွန်ဒေါသထွက်လျှင် သခင်လေးကင်မ်ထက်ပိုဆိုးသည်ကိုသူတို့သိထားသည်ကြောင့်..

"အဒေါ်ကြီး!!"

အိမ်အပေါ်ထပ်မှဆင်းလာသောအဒေါ်ကြီးကိုမြင်တော့ ဂျောင်ကုအော်ခေါ်လိုက်သည်။
အဒေါ်ကြီးကောအိမ်အကူကောင်မလေးနှစ်ယောက်ကော ဂျောင်ကုအသံစူးကြီးကြောင့်လန့်ဖြန့်ကာတုန်တက်သွားကြရသည်။

"ဟုတ်ကဲ့ သခင်လေးဂျွန်"

"ကိုကိုဘယ်သွားတာလဲ"

"ဟို.."

*ဂျောက်*

ဂျောင်ကုမှအဒေါ်ကြီးအားမေးနေစဉ် အဒေါ်ကြီးမှာလည်းဖြေရခက်နေစဉ် တံခါးဖွင့်သံနှင့်အတူ အိမ်ထဲ၀င်ရောက်လာခဲ့သော ပြုံးရွှင်နေသောသူနှစ်ယောက်။
ထယ်ယောင်းနှင့်နမ်ဂျွန်း...
ဂျောင်ကုကိုတွေ့တော့ သူတို့နှစ်ယောက်လုံးအရယ်ရပ်သွားကြသည်။
ထယ်ယောင်းကဂျောင်ကုကိုတစ်ချက်သာကြည့်ပြီး အကြည့်ပြန်လွှဲသွားသည်။

"ဂျွန်ဂျောင်ကု ကျေးဇူးပါ၊ထယ့်ကိုညစာလိုက်ကျွေးခွင့်ပြုတာ ကျနော်တို့အတော်လေး ပျော်ခဲ့ပါတယ်"

"သူခွင့်ပြုမှလည်းမဟုတ်ပါဘူးအကိုဂျွန်းရယ် ထယ်သွားချင်ရင်ဘယ်သူနဲ့မဆိုသွားလို့ရတယ်"

ထယ်ယောင်းကရွဲ့သလိုငေါ့သလိုဖြင့် ဂျောင်ကုကိုစိုက်ကြည့်ကာပြောလိုက်သည်။

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now