[Unicode]နမ်ဂျွန်း သူ့အိမ်သို့ရောက်လာကတည်းက
မျက်နှာလေးမကောင်းဖြစ်ပြီးအတွေးတွေများနေသည့်
ဆူဘင်းကိုမြင်တော့သူပါစိတ်ပူသွားရသည်။ ဆူဘင်းကသူ့အတွက်တော့ညီလေးတစ်ယောက်လိုပင်ဖြစ်နေပြီ။
ထယ်ယောင်းအတွက်ကိုသူတို့နှစ်ယောက်က
ပူးပေါင်းကူညီနေရသည်မဟုတ်လား။"ဆူဘင်း အဆင်ရောပြေရဲ့လား? အိမ်ကိုရောက်တည်းကမျက်နှာလဲမကောင်းဘူး"
ကော်ဖီခွက်လေးရှေ့သို့ချပေးရင်းမေးတော့ ဆူဘင်းက၀မ်းနည်းသောမျက်၀န်းများနှင့်မော့ကြည့်လာသည်။ ထို့နောက်မျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ
ပြောလာသည့်အကြောင်းအရာကား..."အကိုထယ်ယောင်းအရမ်းသနားဖို့ကောင်းတာဘဲ*sob* ဘာလို့များဂျွန်ဂျောင်ကုကအကိုထယ်ယောင်းအပေါ်ဒီလိုလုပ်ရက်ရတာလဲ? အဲ့လူအရမ်းကိုလွန်လွန်းတယ်ဗျာ အီးဟီး"
အကြီးအကျယ်ငိုကြွေး၍ပြောနေသည့်ဆူဘင်းရဲ့စကားတွေကို နမ်ဂျွန်းနားမလည်နိုင်။ ပုခုံးလေးနှစ်ဖက်အားခပ်ဖွဖွကိုင်ကာချော့မော့ပြီးအကြောင်းအရင်းကိုသေချာမေးရသည်။
"ဆူဘင်း အကို့ကိုကြည့် မငိုနဲ့တော့၊ အကို့ကိုပြော ဘာဖြစ်လာတာလဲ? ထယ်ကဘာဖြစ်လို့လဲ? ဂျွန်ဂျောင်ကုကရောထယ့်ကိုဘာတွေထပ်လုပ်ပြန်ပြီလဲ?"
နမ်ဂျွန်းမေးတော့ဆူဘင်းLong Coatအိတ်ကပ်လေးထဲကနေ Stickလေးတစ်ခုထုတ်ပြလာပြီးအသင့်ပါလာတဲ့Computer၌ထိုး၍Video Fileတစ်ခုကိုဖွင့်ပြလိုက်သည်။
.!?.
နမ်ဂျွန်းလည်းကြည့်ပြီးသည့်အဆုံးအံ့ဩခြင်းများစွာနှင့် ဒီလိုကိစတွေကြုံခဲ့ရတဲ့ထယ်ယောင်းကိုလည်းသနားမိသွားသည်။
ဂျွန်ဂျောင်ကုကိုသူပို၍ပင်ဒေါသထွက်မိသည်။"တောက်!"
နမ်ဂျွန်းရဲ့တောက်ခေါက်သံဟာအိမ်အတွင်းကျယ်လောင်စွာထွက်ပေါ်လာသည်။ဆူဘင်းလည်းငိုသာငိုနေခဲ့ပြီး စိတ်ထဲ၌ဂျွန်ဂျောင်ကုကိုအမှုန့်ကြိတ်ပစ်ချင်နေပြီဖြစ်သည်။
"အကိုနမ်ဂျွန်း ကျနော်တို့ဒီထက်ကြာကြာ
ဂျွန်ဂျောင်ကုလက်ထဲအကိုထယ်ယောင်းကိုထားလို့မဖြစ်တော့ဘူး။ အခုသူဖွက်ထားခဲ့တဲ့အကိုထယ်ယောင်းရဲ့အားနည်းချက်လဲကျနော်တို့ဆီရောက်ပြီဆိုတော့သူအကိုထယ်ယောင်းကိုထပ်ပြီးခြိမ်းခြောက်လို့ရမှာမဟုတ်တော့ဘူး။ ကျနော်တို့အခုလုပ်ရမှာက
အကိုထယ်ယောင်းကိုဂျွန်ဂျောင်ကုအနားကနေခေါ်ထုတ်သွားဖို့ဘဲ။ ကျနော့်ရဲ့အကိုဘာကြောင့်များအဲ့ဒီလူဆိုးကောင်ကိုသည်းခံနေခဲ့ရတာလဲဗျာ အကို့အစားကျနော်အတော်လေးဒေါသထွက်မိတယ်"
YOU ARE READING
𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||
Fanfiction"ကိုကို ခင်ဗျားကိုကျနော်မချစ်ဘူး" 𝚔𝚝𝚑 𝚡 𝚓𝚓𝚔 𝚄𝚗𝚒𝚌𝚘𝚍𝚎 𝚊𝚗𝚍 𝚉𝚊𝚠𝚐𝚢𝚒𝚌𝚘𝚍𝚎