Chapter 11 🐣

2.5K 236 8
                                    

ရင်ခုန်သံပုစိကွေး

Chapter 11 🐣


"ကဒ်!"

"ဆရာ ...ညီမ အဆင်ပြေရဲ့လားရှင့်"

ကြော်ငြာရိုက်ကွင်းတစ်ခုတွင်ဖြစ်သည်။

တရားဝင်လက်ထောက်ဒါရိုက်တာဖြစ်သွားပြီမို့ အသေးစားရိုက်ကွင်းလေးတွေကို Jungkook ကဦးစီးခွင့်ရသည်။ တက်သစ်စမင်းသား၊မင်းသမီးလေးတွေနဲ့ ကြော်ငြာအသစ်တွေလက်ခံရိုက်ကူးနေပြီး အတော်လေးလည်းနာမည်ရလာနေပြီဖြစ်သည်။

အသက်ငယ်ပြီးရုပ်ချောတဲ့အပြင် အရည်အချင်းပါရှိတဲ့ Jungkook က model တွေကြားလည်း ကျော်ကြားမှုတစ်ခုရှိနေခဲ့၏။

"အဆင်ပြေပါတယ်။ နောက်ပုံစံတစ်ခုအတွက် အဝတ်အစားလေးလဲထားပေးပါ"

"ဟုတ်ကဲ့ပါ ဆရာ..."

.......

အဝတ်အစားလဲပြီးထွက်လာတဲ့ model လေးက Jungkook နားရောက်လာပြန်သည်။
နောက်ပုံစံတစ်ခုအတွက် လဲဝတ်လာတဲ့အဝတ်အစားက မလိုအပ်ဘဲအရမ်းဖော်လွန်းနေ၏။

"ဆရာ... ရိုက်လို့ရပါပြီ"

"ဟုတ်ကဲ့ ... နေရာကိုပြန်သွားပေးပါနော်"

"ညီမဝတ်ထားတာအဆင်ပြေရဲ့လားလို့ သေချာကြည့်ပေးပါဦးဆရာ.."

"ကြော်ငြာတာဝန်ခံတွေကကြည့်ပြီးပြောပေးပါလိမ့်မယ်ဗျ"

"ဆရာကလည်း... ညီမကဆရာ့ကိုပဲကြည့်စေချင်တာ"

"ဗျာ?"

"သြော်... ဆရာကလူငယ်ဆိုတော့အမြင်ရှိတယ်လေ။ ဘယ်ပုံစံကဘယ်လိုမျိုးနဲ့လိုက်ဖက်တယ်ဆိုတာ သိတယ်မလား... အဲ့ဒါကြောင့်ပါ..."

Jungkook ကသူ့ပုံစံနဲ့သူနေတတ်ပြီး လူတိုင်းနဲ့အရောတဝင်မလုပ်တာတောင် အနားပတ်ဝန်းကျင်မှာအတင်းကာရောလုပ်ချင်သူတွေများပြားလှသည်။ နေရာတစ်ခုရလာဖို့ ကြိုးစားခဲ့ပုံကလည်း အများနဲ့မတူဘဲ သူ့အရည်အချင်းအတိုင်းသာကြိုးစားလာသူဖြစ်၏။

"အဲ့ဒါက..."

"ကိုကို..!"

အသံလာရာအတိုင်းကို ချက်ချင်းတုံ့ပြန်ရပါသည်။
စိတ်၏စေရာ၊ဦးနှောက်ရဲ့လားရာကိုက ဒီအသံလာရင် ဒီလိုတုံ့ပြန်ရမယ်ဆိုတာ သိထားပြီးသားမို့။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now