Chapter 35 🐣

2.5K 228 25
                                    

ရင်ခုန်သံပုစိကွေး

Chapter 35 🐣



"ကလေး... ပျင်းနေပြီလား?"

"အင်း အရမ်းပျင်းနေပြီ။ အိမ်ပြန်ချင်တယ်"

"ပြန်ကြတာပေါ့ ... ကိုကိုလည်းအခုပဲအလုပ်ပြီးသွားတာ"

"ဟို ... ဒိန်ချဥ်ဘူး!"
ရိုက်ကူးရေးပြီးလို့အလုပ်သိမ်းကြတော့ အသီးသီးအိမ်ပြန်ဖို့ပြင်ကြသည်။
အလျင်လိုသလိုလမ်းလျှောက်နေတဲ့ Jungkook ကိုလှမ်းမခေါ်ဘဲ အနောက်ကနေသာကပ်လိုက်လာတဲ့ ထိုကောင်လေး ...

လိုက်လာရတဲ့အကြောင်းအရင်းကတော့ Jungkook နဲ့သီးသန့်မိတ်ဆက်ချင်လို့ဖြစ်သည်။
Jeon Jungkook ဆိုတာသူ့ရဲ့ role-model တစ်ယောက်ဖြစ်ပြီး သူလေးစားအားကျရဆုံးသူလည်းဟုတ်၏။

ထို့ကြောင့်သာ အနောက်ကလိုက်လာခဲ့ပေမဲ့ အာရုံကတခြားသို့ရောက်ရှိသွားလေသည်။

"ဒိန်ချဥ်ဘူးကဆရာနဲ့အသိတွေလား?"

"ဘာဒိန်ချဥ်ဘူးလဲ?ငါ့မှာနာမည်ရှိတယ်"

"သိမှမသိတာ ... အဲ့လိုမခေါ်စေချင်ရင်ပြောပြပေါ့"

ဘာလဲ?
စကားပြောပုံနဲ့လေယူလေသိမ်းက ပုစိကွေးကိုတိမ်းစောင်းနေတဲ့သဘောလား???

"ဟိုလေ ... ဘာကိစ္စရှိလို့လဲ?"
သူတို့စကားပြောပုံကိုမနှစ်မြို့တာမို့ Jungkook ကစကားဝင်ဖြတ်သည်။

"အာ .. ဆရာ။ ကျွန်တော့်နာမည် Lee Jun ပါ။ လူတွေ့ခေါ်တုန်းကတော့တွေ့ဖူးပေမဲ့ ဆရာမမှတ်မိမှာစိုးလို့ ထပ်ပြီးလာမိတ်ဆက်တာပါ"

"မှတ်မိပါတယ်။ ဒုတိယနှစ်ကျောင်းသားမလား?"

"ဟုတ်ပါတယ်။ ဆရာမှတ်မိသားပဲ ... ဆရာကကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပါ။ ဆရာရိုက်သမျှ ကြော်ငြာတွေ၊ MTV တွေအကုန် ကျွန်တော်ကြည့်ဖူးပါတယ် ... တကယ်မိုက်တာ !"

"ကျေးဇူးပါ"

ပုံစံကတကယ်ကိုတက်ကြွနေတာ
ကြောက်ဖို့ကောင်းလောက်အောင်ပဲ

"သွားစရာလေးရှိသေးတာမို့လို့ ကိစ္စမရှိတော့ဘူးဆိုရင်ပြန်ခွင့်ပြုပါဦး"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Tempat cerita menjadi hidup. Temukan sekarang