ရင်ခုန်သံပုစိကွေး
Chapter 39 🐣
ပိတ်ရက်လေးခဏလာနေတာတောင် ပုစိကွေးကပြဿနာကိုရအောင်ရှာသည်။
Jungkook အပေါ်အမြဲအနိုင်ယူပြီးဆိုးချင်တိုင်းဆိုးနေတဲ့ကိစ္စကို Mr.Hyungho ကသိပ်ပြီးသဘောမကျ။ သို့ပေမဲ့လည်း ဟိုအရင်တည်းကပုံစံသွင်းမှားခဲ့တာမို့ အခုချိန်မှဆူရကြိမ်းရတာဟာလည်း အသုံးမဝင်။
"ပုစိကွေး! ပြောနေတာမရဘူးလား? အခုချက်ချင်း Jungkook ကိုပြန်တောင်းပန်လိုက်"
အခုလည်း Jungkook အတွက်အရေးကြီးတဲ့ file ကိုဖျက်ဆီးပြီး သူ,မမှားသလိုလုပ်နေသေးသည်။
"ဘာကွ! ငါ့မြေးကဘာလို့တောင်းပန်ရမှာလဲ? သူ့ဘာသူပေါ့ဆလို့ဖြစ်တာလေ ။ ကလေးကဘာသိမှာလဲ?"
"အဖေ!... အဖေ့မြေးက ကလေးမဟုတ်တော့ဘူး သူလက်ထက်ပြီးနေပြီ ...။အဲ့ဒါနဲ့ပတ်သတ်ပြီးအဖေတို့ကျွန်တော်တို့က နေရာတကာဝင်ပါပေးနေလို့မရတော့ဘူး အဖေရဲ့"
"ရ...ရပါတယ် အစ်ကို။ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်"
အချေအတင်ဖြစ်မဲ့အနေအထားကနေလွတ်အောင် Jungkook ကကြားဝင်ပြောလိုက်ပေမဲ့ ..."မဟုတ်သေးဘူး Jungkook ... ၊ မင်းဒီကောင်လေးကိုဒီလိုမျိုးအမြဲတမ်းအလျှော့ပေးနေလို့မရဘူး။ သူဒီထက်ပိုပြီးဆိုးနေလိမ့်မယ်"
Hyungho ကလက်မခံ။"ပုစိကွေး!!! ပြောနေတာမကြားဘူးလား? အခုတောင်းပန်လေ ..."
နှုတ်ခမ်းလေးကိုမဲ့ပြီး ရှံ့တွတွမျက်နှာလေးနဲ့ ...
"တောင်းပန်ပါတယ်" ဆိုပြီးအသံသဲ့သဲ့လေးထွက်လာလေရဲ့။"မှားသွားပါတယ်လို့ပြော! ... သေချာပြော"
ပုံစံက တကယ်တောင်းပန်တဲ့ပုံမပေါ်တာမို့ အဖေဖြစ်သူကထပ်ငေါက်တာ။ ဒါကို Jimin ကမပြောဘဲနဲ့ အဖိုးဖြစ်သူကိုလှည့်ကြည့်တော့ ...
"အေး လုပ်ကြ။ ငါ့မြေးကိုအခုလိုဝိုင်းပြီးအနိုင်ကျင့်နေလိုက်ကြ။ ငါလည်းမြန်မြန်သေသွားတာပဲကောင်းတယ် ... ဒါမှဒီလိုမျိုးတွေမမြင်ရတော့မှာ"
Mr.Jinhyuk ပေါက်ကွဲပါတော့သည်။"လာ မြေးလေး" ဆိုပြီးလည်း လက်ကိုဆွဲလို့အခန်းထဲဝင်သွားလေ၏။
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )