Chapter 25 🐣

2.7K 235 22
                                    

ရင်ခုန်သံပုစိကွေး

Chapter 25 🐣



၃ရက်တာဟန်းနီးမွန်းက ၂ရက်နဲ့သာပျက်စီးသွားသည်။
ပထမတစ်ရက်ကသူ့အဖိုးနဲ့အိပ်တယ်၊ ဒုတိယရက်တော့အတူတူအိပ်ပေမဲ့  ဒီတိုင်းအိပ်တာ။

အခုပြန်လာတော့လည်း သူ့အိမ်ကိုပဲပြန်မယ်တဲ့ ဂျီကျတယ်။ လက်ထက်ပြီးသားလူက ဘယ်လိုမျိုးမိဘတွေနဲ့အတူတူနေမှာလဲ? ပြီးတော့ သူ့အဖိုးရှိနေတဲ့အိမ်မှာနေဖို့ကပိုပြီးမဖြစ်နိုင်သေးတယ်။

ဒါပေမဲ့လည်းလို့...

"ဖိုးဖိုးကြီး.."

"ဟေး ငါ့မြေးပြန်လာပြီကွ"

တစ်ရက်ပဲမတွေ့ရသေးတာကိုအကဲပိုနေကြတဲ့မြေးအဖိုးရယ်ပါ။ မနေ့ညက ဖုန်းထဲကစကားကြောင့် Mr.Jinhyuk က Jungkook ကိုမကျေသလိုကြည့်သေး၏။

"Jungkook-ah... မင်းမိဘအိမ်ရောရောက်ခဲ့ပြီလား?"

"မသွားရသေးဘူး အစ်ကို။ ပုစိကွေးက အိမ်ပြန်ချင်တယ်ပြောလို့"

"ဟာ မဟုတ်သေးပါဘူး။ မင်းအမေကိုအရင်ကန်တော့ရမှာပေါ့ ... Sungkook တော့မျှော်နေတော့မှာပဲကွာ။ သွားကြ ... အိမ်ပြန်ပြီးအန်တီSubin ကိုအရင်ကန်တော့လိုက်ကြဦး။ ညနေမှပြန်လာခဲ့ ..."

"ဟို..."

ရိုးရာဓလေ့ထုံးတမ်းစဥ်လာတွေက Park Jimin နဲ့မှပျက်ရပါတော့သည်။
Jungkook လည်းသူလုပ်ချင်တာမလုပ်ဘဲ Park Jimin ပြောသမျှအကုန်လိုက်လုပ်ပေးနေလေ၏။

Jungkook အိမ်ကိုသွားကန်တော့ဖို့ ငြင်းဆန်နေတဲ့ Jimin ကိုခြိမ်းခြောက်ရုံသာရှိတော့သည်မို့။

"ဒါဆို လက်ထက်ထားတာပယ်ဖျက်လိုက်တော့"

"ဟမ်? "

အားလုံးလန့်သွားကြတာချင်းတူတူ Jimin ကပိုသည်။

"လက်ထက်ပြီးရင်လုပ်ရမဲ့အစဥ်အလာတွေကိုမလုပ်ချင်ဘူး၊Jungkook နဲ့အတူလိုက်မနေဘူးဆိုရင် လက်ထက်ထားတာကိုပယ်ဖျက်လိုက်တော့။ Jungkook အိမ်ကလည်းသူတို့သဘောကျတဲ့သူနဲ့ထပ်ပြီးလက်ထက်ပေးလိမ့်မယ်... ။အဲ့လိုဆို..."

"လုပ်မယ်!"
အရမ်းကြိုက်တဲ့ရေခဲမုန့်ကိုတောင် ဆက်မစားနိုင်တော့တဲ့အထိ ...

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now