Chapter 12 🐣

2.3K 219 2
                                    

ရင်ခုန်သံပုစိကွေး

Chapter 12 🐣


တစ်ခါတလေတော့လည်း လူတွေကအခက်သား!
ဖြစ်နိုင်တာကိုမကြိုးစားဘဲ မဖြစ်နိုင်တာကိုပဲစိတ်ကူးယဥ်နေကြတာမျိုး..။

"ပုစိကွေး... အဲ့မှာဘာထိုင်လုပ်နေတာလဲ? ကျောင်းသွားဖို့ရေချိုးရမယ်လေ ဝင်ခဲ့"

တော်တော်ခက်တဲ့လူသားမေကြီးပဲ။ ကိုယ့်ဘာသာစဥ်းစားနေတာတောင် ကောင်းကောင်းမစဥ်းစားရဘူး။

စောစောစီးစီးခြံထဲကဒန်းပေါ်ထိုင်ရင်း စဥ်းစားခန်းဖွင့်နေတာ။ အတတ်လေးက တစ်နှစ်ထက်တစ်နှစ်ပိုလည်လာပြီး တစ်ရက်ပြီးတစ်ရက်ပိုဂျစ်လာတဲ့အမျိုး။

လူသားမျိုးနွယ်ဖြစ်တဲ့သူ့ကိုယ်သူတောင်နားမလည်ဘဲ တခြားသူတွေအဖို့ပါစဥ်းစားပေးနေသော်လည်း  ကျောင်းသွားဖို့ရေချိုးရဦးမည်ဖြစ်တာကြောင့် စဥ်းစားခြင်းကိုတစ်ခန်းရပ်ခဲ့ရတော့သည်။

×××

"အဒေါ်ကြီး... အိမ်မှာဘာရှိလဲဟင်"

"သားဗိုက်ဆာလို့လား? အဒေါ်ကြီးတစ်ခုခုလုပ်ပေးမယ်လေ"

"မဟုတ်ဘူး... သား ကိုကို့ဆီသွားမှာ တစ်ခုခုယူသွားချင်လို့။ အဲ့ဒါ ဘာရှိလဲလို့လေ"

မီးဖိုချောင်ထဲလာပြီး အပူကပ်နေပြန်၏။ Park Jimin က Jungkook နဲ့ပတ်သတ်လာရင် တစ်အိမ်လုံးမနေရ။

"အသီးတွေတော့ရှိတယ်။ အဒေါ်ကြီးသေချာထည့်ပေးလိုက်မယ် နော်.."

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျ"

.....

ဒီနေ့က စနေနေ့။
တကယ်တမ်း စနေနေ့က Mr.Hyungho ရဲ့မိသားစုအတွက်အချိန်ပေးရမဲ့နေ့ဖြစ်တာကြောင့် Mrs.Arrum နဲ့အတူသားအမိနှစ်ယောက် အဖေဖြစ်သူရှိရာ ကုမ္ပဏီကိုအတူထွက်လာကြခြင်းဖြစ်သည်။

မနေ့ကအပြီးမသတ်ရသေးတာလေးပြီးရင် အပြင်ထွက်လည်ဖို့ကတိပေးထားတာကြောင့် နေ့လည်မှလာခဲ့ဖို့ပြောထားခဲ့သည်။  ထိုအတိုင်းပဲ... ထွက်လာခဲ့ကြပေမဲ့ Jimin က ကုမ္ပဏီမှာ Jungkook ကိုတွေ့ဖို့ပိုပြီးစိတ်လှုပ်ရှားနေလေသည်။

မနက်တည်းကအဖေဖြစ်သူကိုဖုန်းဆက်ထားပြီး ဒီနေ့ Jungkook လာမယ်ဆိုတာသူသိထားပြီမို့ အိမ်ကနေတစ်ခုခုတောင်ယူလာခဲ့သေးသည်။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now