Chapter 37 🐣

2.3K 198 13
                                    

ရင်ခုန်သံပုစိကွေး

Chapter 37 🐣




💌
သားအခု ကိုကို့ကိုစိတ်ကောက်နေတယ်။

!!!

မနက်တုန်းကတောင် သူ့ကိုနှိုးပြီးမနက်စာအတူစားခဲ့သေးတယ်လေ။
သင်တန်းမရှိဘူးဆိုလို့ ရိုက်ကွင်းကိုလိုက်မလားမေးတော့လည်း သူပဲမလိုက်ချင်ဘူးပြောပြီး အခုစိတ်ကောက်နေတယ်တဲ့လား?

ထိုစာလေးဝင်လာပြီး ချက်ချင်းပဲ Jungkook ဖုန်းခေါ်တော့သည်။
တစ်ဖက်ကဖြေဆိုမဲ့သူမရှိတဲ့ဖုန်းလေးက အသက်မဲ့  ...

"အကူအညီတောင်းပါတယ်နော်"
သိပ်အရေးမကြီးတော့တာမို့ ကျန်တဲ့အလုပ်တွေအတွက်လက်ထောက်ဒါရိုက်တာဆီအပ်ပြီး သူကတော့အိမ်ကိုအမြန်ပြေးရတော့သည်။

စိတ်ငြိမ်ငြိမ်ထားပြီးကားမောင်းနေပေမဲ့ ရင်တုန်မှုကတော့အပြည့်။
ဘာအမှားလုပ်ခဲ့မိလို့လဲ လို့အဖြေရှာမရတာကလည်း စိတ်ရှုပ်စရာတစ်ခု။

"ကလေး!"

ကားပေါ်ကဆင်း အိမ်ထဲပြေးဝင်လာတော့ ပုစိကွေးကဧည့်ခန်းမှာအခန့်သား။

"ကလေး ဘာလို့ဖုန်းမကိုင်တာလဲ? ကိုကိုဒီလောက်ခေါ်နေတာကို..."

အရှေ့က စားပွဲပေါ်မှာဖုန်းရှိနေပါသည်။
သို့သော် Jimin က မုန့်စားရင်း TV သာကြည့်လျက်
...

"ကလေး ... ကိုကိုမေးနေတယ်လေ။ ဘာလို့စိတ်ပူအောင်လုပ်တာလဲ?"

"ကိုကို့ကိုစိတ်ကောက်နေလို့ပေါ့"
မုန့်ကတော့စားနေဆဲ ...

"ကိုကို့ကိုဘာလို့စိတ်ကောက်တာလဲ? ကိုကိုဘာလုပ်မိလို့လဲ?"

ဒီလိုမေးတာက ပိုပြီးစိတ်ကောက်စေဖို့အားပေးအားမြောက်လုပ်နေသလိုမျိုးပဲ၊ ဒါပေမဲ့ မတတ်နိုင်ဘူးရယ် တကယ်ပဲဘာကြောင့်ဆိုတာမသိတော့ဘူး။

"ကိုကိုနော်! ... သားဘာလို့စိတ်ကောက်လဲအခုထိမသိဘူးလား။ နှစ်ခါပေါင်းပြီးစိတ်ကောက်လိုက်ရမလား?"

တကယ်မတတ်နိုင်တော့ဘူး...

"ကိုကိုမသိလို့ပါကွာ။ ... ကလေးစိတ်ကောက်ချင်လည်းကြိုက်သလောက်ကောက် ကိုကိုချော့မယ်။ ဘာလို့လဲဆိုတာလေးပဲ ပြောပြပေးနော်"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now