အပိုင်း ၆ ။ စနစ်ထံမှနောက်ထပ်တာဝန်တစ်ရပ်

161 18 0
                                    

[Unicode]
နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၆ ။ စနစ်ထံမှနောက်ထပ်တာဝန်တစ်ရပ်

လင်းရှင်းဝေ့စားသောက်ဆိုင်သည် သူတို့လိုမျိုး ကန်းယန်ဈေးမှ အဆင့်နိမ့်ချီသန့်စင်ခြင်းအင့်ကျင့်ကြံသူ အများစု လာရောက်ကြသည့်နေရာဖြစ်သည်။

ကျန်းချန်ရွှမ်နှင့်ရွှီဟိုင်ချွမ်တို့ရောက်သွားချိန်တွင် စားသောက်ဆိုင်တစ်ခုလုံး လေလွင့်ကျင့်ကြံသူများဖြင့် ပြည့်နေပြီဖြစ်သည်။ နောက်ဆုံးတော့ ပြတင်းပေါက်ဘေးတွင် စားပွဲလွတ်တစ်လုံးတွေ့သွားပြီး သူတို့ထိုင်လိုက်ကြသည်။

လင်းရှင်းဝေ့၏ဆိုင်ပိုင်ရှင်ကို စိတ်ဝိဉာဉ်အရက်နှင့်စားစရာများလာချပေးဖို့ မှာလိုက်ပြီးနောက် ရွှီဟိုင်ချွမ်က ကျန်းချန်ရွှမ်ကို ကြည့်ကာ စကားစလာခဲ့သည်။

"တာအိုရောင်းရင်းကျန်း၊ ခင်ဗျားလည်း ရှေးဟောင်းအပျက်အစီးထဲက အခြေအနေကို ကြားထားပြီးလောက်ရောပေါ့။ ဘယ်လိုသဘောရလဲ? အပျက်အစီးထဲ ကျုပ်တို့နဲ့အတူ သွားစူးစမ်းဖို့ စိတ်ဝင်စားလား? ပြောလို့မရဘူး၊ ကျုပ်တို့တွေကံကောင်းပြီး ဒဏ္ဍာရီလာအခြေတည်အဆင့်တက်နိုင်မယ့် အခွင့်အရေးရရင် ရလောက်လောက်မှာ။"

ရွှီဟိုင်ချွမ်က ကျန်းချန်ရွှမ်ကို ထပ်ပြီး ဖိတ်ခေါ်နေပြန်သည်။

အစတုန်းကတော့ ကျန်းချန်ရွှမ်ကို ဖိတ်ခေါ်ဖို့ရန် လက်လျှော့လိုက်တော့ဖို့ တွေးထားခဲ့သော်လည်း ကျန်းချန်ရွှမ်၏ကျင့်ကြံဆင့်က ချီသန့်စင်ခြင်းနဝမအဆင့်ကိုတောင် ရောက်သွားကြောင်း မြင်လိုက်ရချိန်တွင် ထပ်မကြိုးစားကြည့်ဘဲ မနေနိုင်တော့ပေ။

ပြောရရင် ချီသန့်စင်ခြင်းနဝမအဆင့်ကျင့်ကြံသူဆိုတာ အောက်ဆုံးအဆင့်မျိုးမဟုတ်တော့ပေ။ သူတို့သာ ကျန်းချန်ရွှမ်ကို သူတို့အဖွဲ့ထဲ ဆွဲသွင်းနိုင်ရင် သူတို့အဖွဲ့၏အင်အားတိုးတက်လာမည်မှာ မလွဲမသေပင်။

သူတို့ ကျန်းချန်ရွှမ်ကိုပါခေါ်ပြီး နောက်တစ်ကြိမ်သာ ရှေးဟောင်းအပျက်အစီးထဲဝင်ခဲ့ရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ပိုလို့အခွင့်အရေးများပေလိမ့်မည်။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ် Where stories live. Discover now