အပိုင်း ၃၃ ။ ကွက်မျက်ခြင်း

85 16 0
                                    

[Unicode]
နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၃၃ ။ ကွက်မျက်ခြင်း

ကျန်းချန်ရွှမ် အံ့ဩသွားရသည်။

ရက်စက်ကြမ်းကြုတ်ကာ ဆိုးရွားသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်အနေနှင့် သူ၏အပေါင်းအဖော် အသတ်ခံရချိန်တွင် ပိုပြီးတော့တောင်မှ ခက်ထန်ကြမ်းကြုတ်လာသင့်တာမဟုတ်ဘူးလား?

ဘာလို့ ဒီလိုမျိုး ထွက်ပြေးသွားရတာလဲ?

ဒါက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ပုံရိပ်နှင့် သိပ်မအပ်စပ်နေဘူးလေ။

ကဲပါ..

ကောက်ကျစ်ပြီး ဆိုးယုတ်ခြင်းဆိုသည် နတ်ဆိုးကျင့်ကြံသူများ၏ပင်ကိုယ်သဘာဝဖြစ်ကာ ရက်စက်ကြမ်းကြုတ်ခြင်းဟူသည် သူတို့တပ်ဆင်ထားသည့် အပေါ်ယံအလွှာတစ်ခုသာဖြစ်သည်။ တကယ် သေရေးရှင်ရေးအခြေအနေကို အာရုံခံမိကြချိန်မှာတော့ ပင်ကိုယ်အသိအတိုင်းထွက်ပြေးသွားပေသည်။

သို့သော်လည်း သူလှုပ်ရှားခဲ့ပြီး ပိန်ပိန်ရှည်ရှည်လူနှင့် ရန်ဖွဲ့ပြီးသွားပြီဖြစ်သည်။ တကယ်လို့ ထိုလူကိုသာ အလွတ်ပေးလိုက်လျှင် အနာဂတ်မှာ သူစိတ်အေးလက်အေးနေနိုင်တော့မှာမဟုတ်ဘူးလားလို့?

ထိုသို့သောအခြေအနေမျိုးမှာ ကျန်းချန်ရွှမ် ဘယ်လိုမှခွင့်မပြုနိုင်သောအရာဖြစ်သည်။

ဒါကြောင့်..

ကျန်းချန်ရွှမ်တစ်ယောက် တွန့်ဆုတ်မနေဘဲ လူထွားကြီးထံမှ သိုလှောင်အိတ်ကိုယူပြီးသည်နှင့် ကျီယန်ဓားကိုထုတ်ကာ ပိန်ရှည်ရှည်လူနောက်ကို လိုက်တော့သည်။

လက်ရှိ သူ၏စစ်မှန်သောအဆီအနှစ်ခွန်အားမှာ အခြေတည် အလယ်အဆင့်၏ခွန်အားနှင့် အတော်လေးနီးစပ်နေပြီဖြစ်သည်။ ထို့အပြင် သူ့ခြေထောက်အောက်ရှိ အဆင့် ၂ အလယ်အဆင့်ဓားပျံသည်လည်း ပိန်ရှည်ရှည်လူ၏ဓားပျံထက် တစ်ဆင့်မြင့်ပေသေးသည်။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ် Where stories live. Discover now