အပိုင်း ၁၅ ။ ဒြပ်စင်ငါးပါးနည်းစနစ်နှင့်အာတိတ်နတ်အလင်းတန်း

142 21 0
                                    

[Unicode]
နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၁၅ ။ ဒြပ်စင်ငါးပါးနည်းစနစ်နှင့်အာတိတ်နတ်အလင်းတန်း

ကျန်းချန်ရွှမ်လည်း ကျောက်စိမ်းပြားကိုယူကြည့်လိုက်ရာ တကယ်တမ်း အဆင့် ၂ အဆောင်ပြုလုပ်သည့်နည်းလမ်းများရေးထွင်းထားသည့် ကျောက်စိမ်းပြားဖြစ်နေသည်။ ထို့အပြင် အဆင့် ၂ အဆောင်များပြုလုပ်ရာတွင် သတိပြုရမည့်အချက်အလက်တချို့ကိုလည်း ရေးထွင်းထားသေးသည်။

အတော်လေးပြည့်စုံတာပဲ။

သူလည်း ရှန်းချန်းနျန်ကိုပြုံးပြကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

ထို့နောက် စကားအနည်းငယ်ဆက်ပြောဖြစ်ခဲ့ကြပြီး ကျန်းချန်ရွှမ်လည်း စူထရာသိုလှောင်ခန်းမထဲသို့ ဝင်ခဲ့လိုက်သည်။

စူထရာသိုလှောင်ခန်းမထဲသို့ဝင်လိုက်သည်နှင့် ကျီဖုအဆင့်မသေမျိုး မျိုးနွယ်စုတစ်ခု၏ အုတ်မြစ်က ဘယ်လောက်အထိနက်ရှိုင်းမှန်း ကျန်းချန်ရွှမ် နားလည်သွားရသည်။

ဘယ်လောက်တောင်လည်းဆို သူ့မျက်စိတဆုံးပင်။

အဆင့် ၁ ကျင့်ကြံခြင်းနည်းစနစ်နှင့်မန္တာန်ပေါင်း တစ်ရာထက်မနည်းရှိလို့နေကာ အားလုံးကို ကျောက်စိမ်းပြားများပေါ်တွင်ရေးထွင်းထားပြီး စာအုပ်စင်အတန်းရှည်ကြီးများဖြင့် စနစ်တကျ စီထားလေသည်။

သူ ကျောက်စိမ်းပြားအနည်းငယ်ကို ကျောက်ယူကြည့်ရာ သူ့လက်က ၎င်းထဲကို ဖြတ်သန်းသွားခဲ့သည်။ ထိုတော့မှ ဤကျင့်ကြံခြင်းနည်းစနစ်များနှင့် မန္တာန်များအားလုံးသည် သူတို့ကိုယ်ပိုင်ထူးခြားသည့်နည်းလမ်းများဖြင့် သိမ်းဆည်းထားခြင်းဖြစ်မှန်း သိခဲ့ရသည်။ ပြင်ပမှ သာမာန်ပစ္စည်းများ ဘယ်လိုမှမယှဉ်နိုင်သည့်အရာပင်။

ထိုသို့ဖြင့် ကျန်းချန်ရွှမ် ဒုတိယထပ်သို့ဆက်တက်ခဲ့သည်။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ် Where stories live. Discover now