အပိုင်း ၈ ။ အဆောင်များရောင်းခြင်း

152 20 0
                                    

[Unicode]
နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၈ ။ အဆောင်များရောင်းခြင်း

"ကျိုးယွမ်ဖန်း၏မိတ်ဆက်ပေးမှုကိုကြားပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် ပိုလို့ပင် ဆွဲဆောင်ခံလိုက်ရသည်။

ထိုအဆင့်မြင့် (အဆင့် ၁) အဆောင် ၃ခုမှာ မဆိုးဘူးဟု ပြော၍ရသည်။

ရွှေရောင်အလင်းတန်းအဆောင်သည် မကောင်းဆိုးဝါးများကို ဖယ်ရှားနိုင်ပြီး တစ္ဆေသရဲများကို သတ်နိုင်ကာ တချို့သောအဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းများကို သန့်စင်နိုင်သည်။

၎င်းတွင် မိစ္ဆာကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများအပေါ် သက်ရောက်သည့် အကာအကွယ်စည်းလည်းရှိသေးသည်။

မြေကမ္ဘာလွတ်မြောက်ခြင်းအဆောင်ကတော့ အသက်ကယ်အဆောင်ပင်။ ၎င်းအသက်ဝင်လာသည်နှင့် ကျင့်ကြံသူတစ်ယောက်ကို ၁၅ ကီလိုမီတာအထိ ချက်ချင်းရွှေ့ပြောင်းနိုင်သည်။

နောက်ဆုံးကျန်သည့် မီးမြွေအဆောင်ကတော့ နာမည်အတိုင်းပင် မီးစွမ်းအင်ရှိသည့် သေစေနိုင်သောအဆောင်မျိုးဖြစ်သည်။ ၎င်းအသက်ဝင်လာသည်နှင့် ပေပေါင်းများစွာရှည်သည့် သတ္တုများကိုပင် အရည်ပျော်စေလောက်အောင် အပူချိန်မြင့်သော မီးမြွေတစ်ကောင်ပေါ်ထွက်လာမည်ဖြစ်သည်။

ကျန်းချန်ရွှမ် တွေးကြည့်ပြီးသည်နှင့် သူ့အိတ်ကပ်ထဲမှ ရေဒိုင်းအဆောင် ၃ခုနှင့် ရေဓားအဆောင် ၄ခုကို ထုတ်ကာ ကျိုးယွမ်ဖန်းအား၊ "ကျုပ် ဒီအဆင့်မြင့် (အဆင့် ၁) ရေဒိုင်းအဆောင် ၃ခုနဲ့ အလယ်အဆင့် (အဆင့် ၁) ရေဓားအဆောင် ၄ခုကိုသုံးပြီး လဲလှယ်ချင်ပါတယ်။ ဘယ်လိုသဘောရလဲ?"

ဈေးအရပြောရလျှင် အဆင့်မြင့် (အဆင့် ၁) ရေဒိုင်းအဆောင်တစ်ခုသည် ဝိဉာဉ်ကျောက်တုံး ၇၀-၈၀ တန်ကာ အလယ်အဆင့် (အဆင့် ၁) ရေဓားအဆောင်တစ်ခုသည်တော့ ဝိဉာဉ်ကျောက်တုံး ၁၅ တုံးခန့်တန်သည်။

လက်ရှိပေါက်ဈေးအရ ဤသည်မှာ ကျန်းချန်ရွှမ်အတွက်တော့ အမြတ်ရသည့်လဲလှယ်မှုမျိုးမဟုတ်ပေ။

စင်ပေါ်မှ ကျိုးယွမ်ဖန်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်ကို ပြောလာခဲ့သည်။ "နောက်ထပ် ရေဒိုင်းအဆောင်တစ်ခုထပ်ပေးရင် ဒီအဆောင်စာအုပ်က ခင်ဗျားအပိုင်ပဲ။"

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ် Where stories live. Discover now