Chapter-9

11.3K 1.8K 130
                                    

(Unicode)

"သည်နေ့ ကိုယ်လေ့ကျင့်တဲ့ဆီ လိုက်မယ်မဟုတ်လား ကောင်လေး"

"ဟုတ် လိုက်မယ် စီနီယာ၊ ကျွန်တော် အတန်းဖျက်ထားတယ်"

တမှူး နယုန်တို့ကို အသိပေးခဲ့ပြီး စီနီယာနှင့်အတူ စီနီယာတို့ ဘတ်စကတ်ဘော လေ့ကျင့်သည့်နေရာသို့ လိုက်သွားခဲ့၏။ ဟိုရောက်တော့ စီနီယာက သူ့သူငယ်ချင်းများနှင့်မိတ်ဆက်ပေးသည်။

"သူက ကျော်ဇင်ဦး၊ သူက ခန့်မင်းသူ၊ သူက ဝေလင်းကိုတဲ့"

ထိုအထဲမှာမှ ကိုကျော်ဇင်ဦးနှင့် ကိုဝေလင်းကို ကိုတော့ တမှူး မျက်မှန်းတန်းမိပါသည်။ စီနီယာနှင့် တမှူးစတွေ့တဲ့နေ့တုန်းက ပါလာတဲ့ အစ်ကိုနှစ်ယောက်ပင်။ နောက်ပြီး ဆေးရုံကို လုပ်အားပေးသွားကြတုန်းကလည်း သည်အစ်ကိုနှစ်ယောက်ပါသည်။

"သူကတော့ ပထမနှစ်က တမှူးခေတ်တဲ့"

"ဪ သည်ကောင်လေးလား... အခုမှ မြင်ဖူးတယ်၊ နေရင့်ရောင်တို့ ပါးစပ်ဖျားက မချတဲ့ ကောင်လေး ကောင်လေးဆိုတာ၊ အင်းလေ နေရင့်ရောင်တို့ သည်းသည်းလှုပ်မှာပေါ့၊ ကလေးက ချစ်ဖို့ကောင်းနေတာကို၊ ကြည့်ပါဦး ပါးဖောင်းဖောင်းလေးတွေနဲ့၊ မင်း ယောက်ျားလေးရော ဟုတ်ရဲ့လား"

ကိုခန့်မင်းသူက တမှူးပခုံးကို ခပ်ဖွဖွပုတ်လျက် ရယ်ကျဲကျဲ ပြောသည်။ တမှူးမျက်နှာရဲသွားရကာ ဘာပြန်ပြောရမလဲ မသိ။ စနောက်နေတာဖြစ်၍ စိတ်ဆိုးရလည်း အခက်။

"ဘာတွေလျှောက်ပြောနေတာလဲ ကလေးကို"

စီနီယာကပြောပြီး ကိုခန့်မင်းသူကို ဘတ်စကတ်ဘောလုံးနှင့် လှမ်းပစ်သည်။ ကိုခန့်မင်းသူက အားရပါးရရယ်ရင်း လက်ဖြင့်ဖမ်းယူလိုက်ပြီး ပြန်ပစ်သည်။ ထို့နောက် အပြန်အလှန် ပစ်ပေါက်ရင်း ဝရုန်းသုန်းကားဖြစ်သွားကြ၏။ ကြားထဲမှ တမှူးလည်း မိမိဆီ ဘောလုံးရောက်လာရင် မနာစေဖို့ လက်ဖြင့် ဆီးကြိုဖမ်းဖို့ပြင်ထားရသည်။ ထိုစဥ် တမှူးတို့ရှိရာဆီသို့ လူနှစ်ယောက် လှမ်းလာသည်။ ထိုလူနှစ်ယောက်အနက် ညာဘက်မှ လူကြောင့် တမှူး ပါးစပ်အဟောင်းသားဖြင့် ငေးမောမိသွား၏။

I ADORE YOU. (COMPLETED)Where stories live. Discover now