Chapter-37

9.5K 1.5K 158
                                    

(Unicode)

သူ့နံဘေးရွှင်မြူးစွာလမ်းလျှောက်နေသော ယုန်ပေါက်ဟာ ကိုကို့အနေဖြင့် သူ့ကို သိပ်တွယ်တာသည်။ မြင်နေရသော သံယောဇဥ်တွေက မည်သည့်အတိုင်းအတာထိ နက်ရှိုင်းမည်လဲ သူမခန့်မှန်းချင်။ မခန့်မှန်းရဲ။

"စာသင်ဆောင်နဲ့ စားသောက်ဆိုင်နဲ့ တွဲဖွင့်ထားလို့မရဘူးလားဟင် ၊ အခုလိုထမင်းစားပြီးချိန် ဗိုက်လေးလေးနဲ့ အဝေးကြီးပြန်မလျှောက်ချင်ဘူး"

ယုန်ပေါက်က အသံကြားသနားပါစေ၊ ရုပ်မြင်ချစ်ခင်ပါစေဟူသော ဆုနှင့်ပြည့်ခဲ့လေသလား။ အအေးဘူးတစ်ဘူး၊ မုန့်တစ်ထုပ်နှင့် အလုပ်ရှုပ်နေရာမှ ညည်းညည်းညူညူဆိုလာသော အသံက သူ့နားထဲ ကြည်ကြည်လင်လင်စီးဝင်ကာ ကြိုးအချို့ကို အထပ်ထပ်ရစ်ပတ်ချည်သည်။ ခေတ္တခဏမျှဟူသောအချိန်လေးဖြစ်ခဲ့မည်ဆိုလျှင်တောင် ယုန်ပေါက်အနား နေခွင့်ရခဲ့သည့်အတွက် ကိုကို့ကို ကျေးဇူးတင်သည်။

ယုန်ပေါက်အနားတွင်ရှိတိုင်း စကားများများပြောမိလျှင် စကားမှားမည်စိုး၍ သူစကားနည်းလာမိသည်။ သို့သော် ယုန်ပေါက်ပြောသမျှတော့ နားထောင်ပေးချင်သည်။ ပြောရလျှင် ယုန်ပေါက်က အနည်းငယ် စကားများသည်။ သို့ပေမဲ့ ထိုအရာကပင် သူ့ကိုပြုံးပျော်စေသည့်အရာပင်။

"အမေ့..."

အတူယှဥ်လျှောက်လာရင်း ရုတ်တရတ် အရှေ့ယိုင်ချင်သွားသော ခန္ဓာကိုယ်လေးကို လက်မောင်းမှဆွဲ၍ ထိန်းထားပေးလိုက်ရသည်။ ကိုကိုကတော့ ပြောဖူးသည်။ ယုန်ပေါက်က လမ်းလျှောက်ရင် အောက်ကြည့်မလျှောက်ဘူးတဲ့။ ယခုလည်း အလားတူပါ။ သူစားနေသော မုန့်လောက် လမ်းလျှောက်ခြင်းကို အာရုံမရှိ။

ခြေဖမိုးပေါ် စွန်းပေသွားသော အအေးတချို့အတွက် ကြည်လင်နေသော မျက်နှာလေးဟာ မျက်မှောက်တစ်ချက်ကုတ်သွားသည်။ အပြုံးအမဲ့အမူအယာတစ်ခုချင်းစီကို အသေးစိတ် လိုက်ကြည့်နေမိခြင်းဟာ အချိန်ကို အ​ဗကျိုးရှိရှိအသုံးချနေမိခြင်းဖြစ်မည်။

ထို့နောက် အားကိုးတကြီးမော့ကြည့်လာသော မျက်ဝန်းဝိုင်းဝိုင်းတွေအတွက် ဒူးထောက်ချဖို့ အသင့်ဖြစ်ခဲ့သည်။ တအံ့တဩတားမြစ်သံထက် ထိုကောင်လေးကို စိတ်အနှောက်အယှက်ဖြစ်စေသည့်အရာကိုသာ အရင်ဖယ်ရှားပေးဖို့ အာရုံရှိမိသည်။ မော့ကြည့်မိသည့်အခိုက်တန့်တွင် ရင်တသိမ့်သိမ့်လှိုက်ခတ်စေသော မျက်ဝန်းဝိုင်းများက သူ့ကို အငေးသားကြည့်နေသည်။ သူအဓိပ္ပါယ်ဖတ်တတ်နေသော အရိပ်တချို့က ထိုမျက်ဝန်းဝိုင်းများတွင် ဝိုးတိုးဝါးတားထင်ဟပ်နေသည်။ ထိုအရိပ်တို့က ကိုကို့နေရာမှာ အစားထိုးနေသော သူ့အတွက်လား...အစကတည်းက ဤနေရာ၌ တည်ရှိနေသော ကိုကို့အတွက်လား...။

I ADORE YOU. (COMPLETED)Where stories live. Discover now