Chapter-17

9.8K 1.6K 166
                                    

(Unicode)

တမှူးဆိုင်ကယ်ကို နေရာမှာရပ်လိုက်ပြီးနောက် အသင့်ရပ်စောင့်နေသော စီနီယာ့ကို ပြုံးပြလိုက်သည်။ ထို့နောက် ဆိုင်ကယ်လက်ကိုင်တွင်ချိတ်၍ သယ်လာသော ချိုင့်လေးကို တန်ဖိုးကြီးပစ္စည်းတစ်ခုလို တယုတယ ဖြုတ်ယူလိုက်သည်။ အထဲတွင် စီနီယာ့ဖို့ တမှူးကိုယ်တိုင် ကြိုးစားပမ်းစား မေမေ့ကို ချက်ပေးဖို့ တောင်းဆိုထားသော ကြက်ခြေထောက်စွပ်ပြုတ်ပါသည်။ နောက်ပြီး တမှူးကိုယ်တိုင်လည်း ကြက်သွန်ဝိုင်းလှီးပေးထားပါသည်။

ချိုင့်လေးကို ကိုင်ကာ စီနီယာ့ဆီအပြေးလေးသွားမိသည်။

"စီနီယာ...နေကောင်းသွားပြီလား"

"အင်း...ကောင်းသွားပြီ"

"ဟုတ်လား...ကောင်းသွားလည်း စားရမယ်၊ ဒီမှာ ကျွန်တော် စီနီယာ့ဖို့ ကြက်စွပ်ပြုတ်ယူလာတယ်၊ ကျွန်တော်ကိုယ်တိုင် မီးဖိုချောင်ထဲ ဝင်ပြီးမေမေ့ကို ဝိုင်းကူထားတာ"

တမှူး ပြောရင်းဆိုရင်း ချိုင့်ကို စီနီယာ့လက်ထဲသို့ ဂရုတစိုက် အတင်းထိုးထည့်​ပေးလိုက်သည်။ စီနီယာက အံ့သြနေဟန်ဖြင့်...

"ကိုယ် ထမင်းစားလို့ရပါပြီ ကောင်လေးရဲ့၊ စွပ်ပြုတ်သောက်စရာမလိုတော့ပါဘူး"

"မလိုလည်း သောက်ရမယ်၊ ကျွန်တော်ပင်ပင်ပန်းပန်းသယ်လာရတာ"

တကယ်လည်း လမ်းတွင် ဖိတ်စင်မှာစိုး၍ တမှူး ဂရုတစိုက်နဲ့ ပင်ပင်ပန်းပန်းသယ်လာရတာပါ။ မနက်ကလည်း အစောကြီးထပြီး မေမေ့ကို ချက်ပေးဖို့ပြောရသေးသည်။ နောက်ပြီး စီနီယာ့အတွက် တမှူးရဲ့ စေတနာတွေလည်း အများကြီးထည့်ထားသည်လေ။

စီနီယာက သဘောတကျပြုံးရင်း တမှူးလက်ထဲမှ ချိုင့်ကိုလှမ်းယူသည်။ ထိုစဥ် တမှူး သတိထားမိလိုက်သည်က စီနီယာ့ တံတောင်ဆစ်အတွင်းပိုင်းမှ အပ်စိုက်ရာဟု ထင်ရသည့် နီရဲရဲ အရာတစ်ခု။

"စီနီယာ့လက်က အပ်ရာကြီးလား"

တမှူးမေးတော့မှ စီနီယာက သူ့လက်ကို ယောင်ယောင်ကန်းကန်းပြန်ကိုင်ကြည့်သည်။ တမှူးသေချာအောင် စီနီယာ့လက်ကို ဆွဲယူကြည့်လိုက်သည်။ ဟုတ်ပါသည်။ အနည်းငယ်ရဲနေပြီး အနားတစ်ဝိုက်က ယောင်ချင်ချင်ဖြစ်နေသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now