Part One (Unicode)

9.2K 634 102
                                    

ခိုင်ခန့်ပြီးလှပကာ အဆင့်မြင့်လွန်းသည့် စံအိမ်ကြီးတစ်အိမ်သည် Wiltshireပြည်နယ် Salisburyမြို့တော်၏အစွန် တွင် ခန့်ညားစွာ တည်ရှိနေလေသည်။

စံအိမ်ကြီး၏ အမည်နာမကတော့ 'Malfoy Manor'တဲ့။ တစ်အိမ်လုံးသည် တန်ဖိုးကြီးအရာများနှင့်သာ တည်ဆောက်ထားပြီး ရှေးဆန်ကာလှပပြီး ကျယ်ဝန်းကာသာယာသည့် ခြံဝန်းကြီး၏အလယ်တွင် တည်ရှိနေသည်။

ခြံဝန်းထဲတွင်လည်း အမျိုးအစားစုံလင်သည့် သစ်ပင်ပန်းမာန်များနှင့်  အလှဆင်ရေပန်းများရှိသည့်အပြင် ကိုယ်ပိုင်ရေကူးကန်ကြီးတစ်ကန်လည်း ရှိနေသေးသည်။ ပင်မစံအိမ်ကြီး၏ ဘေးဘက်တွင်လည်း အမျိုးအစားစုံလင်လှသည့် ကားများထားရာ ဂိုထောင်ကြီးတစ်ခုလည်း ရှိနေပြီး တစ်ခြားတစ်ဖက်မှာတော့ ကိုယ်ပိုင်အားကစားရုံ၊ ရုပ်ရှင်ရုံနှင့် အကခန်းမရှိရာ အဆောက်အအုံကြီးတစ်ခု ရှိနေလေသည်။

ပင်မစံအိမ်၏ အခန်းတစ်ခုထဲတွင် အသက်၂၅နှစ်ခန့် ကောင်လေးတစ်ယောက်သည် ပြတင်းပေါက်မှနေ၍ အပြင်လောက၏ သာယာကာလှပနေသည့် မြင်ကွင်းကို ငေးနေလေရဲ့။

ထိုကောင်လေးသည် အဖြူရောင်Shirtကို အနက်ရောင်Jeanလေးနှင့် တွဲဖက်ဝတ်ထားကာ ရွှေကိုင်းမျက်မှန်ဝိုင်းလေးကိုလည်း တပ်ဆင်ထားသည်။ အပြင်လောကကြီးသည် သာယာနေသလောက် ကောင်လေး၏မျက်နှာကတော့ မိုးပြိုနေသကဲ့သို့ မဲမှောင်နေလေသည်။ နှုတ်ခမ်းရဲရဲလေးကလည်း ဘဝကြီးကိုစိတ်ကုန်နေသလိုမျိုး မဲ့ရွဲ့နေပေမဲ့ ထိုအခြင်းအရာက ထိုကောင်လေးကို ပိုပြီးချစ်စရာကောင်းသွားအောင် ဖန်တီးပေးနေတော့သည်။

Shirtကို တံတောင်အထိခေါက်တင်ထားသောကြောင့် ရွှေရောင်သမ်းကာ ဝင်းဝါနေသည့်အသာအရည်မှာ ပြတင်းပေါက်ကကျလာသည့် နေရောင်အောက်တွင် ဝင်းဖန့်နေလေသည်။ မိန်းကလေးများ မနာလိုရလောက်အောင် အသားအရည်လှလွန်းပြီး ပြစ်ချက်ကင်းပြီး ချောမောလွန်းသူကောင်လေး၏ အမည်ကား 'Harry Potter'တဲ့။

Harry Potterဟာ အပြင်လောကကို ကြည့်နေသည့် သူ့ရဲ့မျက်ဝန်းစိမ်းစိမ်းတွေကို သူရှိနေသည့်အခန်းထဲက နာရီဆီကို အကြည့်ပို့လိုက်သည်။

My Rival Becomes My Husband Where stories live. Discover now