Part Thirty-Seven (Unicode)

2.8K 269 52
                                    

Malfoy villa ထဲတွင်ဖြစ်သည်။ Albus တစ်ယောက် ကိုကို့နှင့် တူတူပုန်းတမ်းကစားရင်း ပုန်းရန် စံအိမ်ထဲရောက်လာပြီး ဘယ်နားမှာပုန်းရမလဲ တွေးနေစဉ် တစ်ယောက်ယောက်နှင့် တိုက်မိသွားသည်။

"အင့်!"

"ဖွားလေး Bella?"

တိုက်မိသည့်သူကို မော့ကြည့်မိတော့ ဖွားလေး Bella ဖြစ်နေ၍ Albus လည်း ကြောက်သွားပြီး မြန်မြန်တောင်းပန်ကာ ထွက်သွားဖို့ပြင်လိုက်ပေမဲ့ ဆတ်ခနဲဆောင့်ဆွဲလာသည့် ဖွားလေးကြောင့် Albus ရဲ့လက်မောင်းလေး နာသွားရသည်။

"အ! သားနာတယ်...ဖွားလေး!! လွှတ်ပေးပါ!!"

"ကြည့်စမ်းပါဦး...မျိုးမစစ်လေး ပါလား? သွေးနှောကောင်နဲ့ ငါ့ရဲ့ ဉာဏ်မရှိတဲ့ တူလေးတို့ရဲ့ သွေးတွေစီးဆင်းနေတဲ့ မျိုးမစစ်လေးပဲ။ မင်းကိုယ်မင်း ဘာမှတ်နေလဲ?! တကယ်လက်မခံနိုင်ဘူး! Harry Potter ရဲ့ သွေးသားတွေမှာ ငါတို့ Black မျိုးရိုးရဲ့ သွေးတွေနှောနေတာကို မခံစားနိုင်ဘူး!"

ရူးနှမ်းနေသလိုမျိုး မျက်လုံးပြူးပြီး ပြောနေသည့် ဖွားလေးကြောင့် Albus လန့်လာပြီး မျက်ရည်တွေပေါက်ပေါက်ကျလာသည်။ ဖွားလေးက သူ့လက်မောင်းလေးကို အားနဲ့ဆုပ်ကိုင်ထားလို့ လက်သည်းတွေကပါ လက်မောင်းသားထဲနစ်ဝင်လာ၍ သွေးတွေထွက်လာသလို နာလည်းနာလာ၍ Albus မခံစားနိုင်တော့ပဲ အော်ငိုတော့သည်။

"သား..သားကို လွှတ်ပေးပါ...အဟင့်! နာလို့ပါ! တကယ် နာလို့ပါ! ဖွားလေး Bella!"

"တိတ်စမ်း!! မင်းလို မျိုးမစစ်ရဲ့ ပါးစပ်ကနေ ငါ့ကိုမခေါ်နဲ့! ကြည့်စမ်းပါဦး! မင်းရဲ့ သွေးနှောကောင် အဖေနဲ့ တစ်ထေရာတည်း တူနေပါလား?! ဘယ်လိုလုပ်ရမလဲ? မင်းအဖေကို မသတ်ခင် မင်းကိုအရင်သတ်လိုက်ရမလား?!"

"ဖွားဖွား Bella!! မလုပ်ပါနဲ့! သားကို လွှတ်ပေး..."

ဖွားလေးကို တောင်းပန်ပေမဲ့ Albus စကားမဆုံးခင်မှာ ဖွားလေးက လည်ပင်းကိုညစ်လာလို့ Albus အသက်ရှူတွေကြပ်လာပြီး မူးဝေလာသည်။

'Papa...Daddy...သားကို ကယ်ပါ! သားသား မခံစားနိုင်တော့ဘူး! သားသား အသက်ရှူမရတော့ဘူး! ကိုကို!! သားကို လာခေါ်ပါ!!'

My Rival Becomes My Husband Where stories live. Discover now