Interview With Potter-Malfoy Family (Unicode)

2.3K 256 90
                                    

"Hello!!! တို့နာမည်ကတော့ Zellaပါ!!! တို့ကနတ်ဘုရားမပေါက်စဖြစ်ပေမဲ့ အခုတော့ Potter-Malfoy Familyကို အင်တာဗျူးမဲ့ Hostအဖြစ် ပါဝင်ပေးထားပါတယ်။ အင်တာဗျူးပေးရတဲ့အကြောင်းအရင်းကတော့ အင်တာဗျူးတာတော်တဲ့ Professional Hostကို မငှားနိုင်သေးတဲ့ Author Binကြောင့်ပါပဲ။ ထားပါတော့။ ဒီနေ့ရဲ့ Guestတွေကတော့ Potter-Malfoy Familyတို့ ငါးဦးပဲဖြစ်ပါတယ်။ သူတို့ကိုလက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်!!"

👏👏👏👏👏👏👏

Author Bin: ငါကရော? ငါ့ကျတော့ လက်ခုပ်တီးပြီး မကြိုဆိုကြပါလား? စိတ်ဓာတ်ပဲဟေ့!!

Zella: ကျွန်မတို့က Potter-Malfoy Familyကိုပဲ ငမ်းနေ...အဲ..ငေးနေလို့ မေ့သွားတာပါ...Authorရယ်။ ရွှေစိတ်တော်မငြိုငြင်ပါနဲ့😅။

Author Bin: အဟမ်း!! ရှိစေတော့။ ရှိစေတော့။

Potter-Malfoy Familyတို့ အင်တာဗျူးသည့် အခန်းထဲသို့ရောက်လာကြသည်။

Harry: Hello!! တွေ့ရတာဝမ်းသာပါတယ်!! Harry Pot...

Draco: ဘယ်နှစ်ခါပြောရမလဲ?! မင်းက Harry Malfoyဖြစ်သွားပြီလို့!!

Harryရဲ့ နှုတ်ခွန်းဆက်စကားကို ဖြတ်ပြီးအော်လိုက်သည့် Dracoကြောင့် Author Binကော Zellaပါလန့်ဖြန့်သွား။

Scorpius: (အပြုံးသေးသေးလေးဖြင့်) Daddyက Papaကို အတော်ဂရုစိုက်တာပဲ😅😅။

Albus: (လက်ပိုက်လျက်) ဂရုစိုက်တာကြီးက အော်ဟစ်နေတာပဲ။ လည်ချောင်းမကွဲဘူးလားမသိ😐😐?

Lily: (ပြုံးရွှင်လျက်) အားလုံးပဲ နေကောင်းကြတယ်မလား? မီးမီးကတော့ Daddyနဲ့ Papaတို့ရဲ့ ဂရုစိုက်မှုနဲ့ကျန်းမာနေပါတယ်ရှင်။

Author Bin: (စိတ်ပျက်သလိုမျိုး နဖူးကို လက်နှင့်ရိုက်လျက်) Lilyကလွဲပြီး ကျန်တဲ့သူတွေက ဗရုတ်ကျနေလိုက်တာများ။ဟူး...

Zella: (မနည်းဖျစ်ညှစ်ကာ ရယ်လိုက်ရင်း) အဟင်း!!အဟင်း!! လူစုံပြီနော်။ မိတ်ဆက်ဖို့ကတော့ အကုန်လုံးက သိပြီးသားမလို့ ကျော်လိုက်မယ်နော်။ Potter-Malfoy Familyရေ...မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ စာဖတ်သူလေးတွေ မေးထားတဲ့ မေးခွန်းလေးတွေကို မေးမှာပါနော်။ ဒါကြောင့်...

Draco: စကားကြောရှည်နေလိုက်တာ!! မြန်မြန်မေး!! ငါတို့မှာ အလုပ်ရှိသေးတယ်!!"

My Rival Becomes My Husband Where stories live. Discover now