Part Fourteen (Unicode)

4K 397 112
                                    

သာယာလှသည့် မွန်းလွဲ၃နာရီခန့် အချိန်တွင်ဖြစ်သည်။ Malfoyစံအိမ်ကြီး၏ ခြံဝန်းထဲရှိ အရိပ်အာဝါသကောင်းသော မိုးမခပင်ကြီး၏အောက်တွင် လှပစွာတည်ခင်းထားသည့် လက်ဖက်ရည်ဝိုင်းတစ်ခုရှိနေလေသည်။ Malfoyစံအိမ်၏ အရှင်သခင်နှင့် သခင်မဖြစ်သူ Lucius Malfoyနှင့် Narcissa Malfoyတို့ဟာ ထိုလက်ဖက်ရည်ဝိုင်းတွင်ထိုင်လျက် လက်ဖက်ရည်သောက်နေကြသည်။

"သမက်ကလေးမှာ လူမသိတဲ့အရည်အချင်းကောင်းတွေ အများကြီးပါလား? လက်ဖက်ရည်ကလည်း သိပ်ကောင်းတယ်။ တွဲဖက်ပြီးစားရတဲ့ ကွက်ကီးတွေကလည်း အရသာအတော်ကောင်းတယ်။ မချိုလွန်း မဆိမ့်လွန်းပဲ အရသာသိပ်ရှိတယ်။ ရှင်လည်းမြည်းကြည့်သင့်တယ်...Lucius။"

Narcissa Malfoyက အစေ့အဆန်တွေနှင့် ပြုလုပ်ထားသည့် ကွက်ကီးပန်းကန်ကို Lucius Malfoyရှေ့ကို တိုးပေးလိုက်သည်။ Lucius Malfoyက စာအုပ်တစ်အုပ်ကို ဖတ်နေရာကနေ စာအုပ်ကိုခဏချလိုက်ပြီး ကွက်ကီးတွေကို လှမ်းကြည့်သည်။ ပြီးမှ နှာခေါင်းရှုံ့လိုက်ပြီး

"ကလေးကလားနဲ့ ဘာလို့ကွက်ကီးစားရမှာတုန်း?! ကွက်ကီးစားတာက ကလေးတွေပဲစားတာကို!!"

"ရှင်နဲ့တော့ခက်ပြီ။ မစားချင်မစားနဲ့။ ကျွန်မပဲစားမယ်။"

Narcissa Malfoyကထိုသို့ပြန်ဖြေကာ ကွက်ကီးပန်းကန်ကို သူ(မ)ရှေ့ကိုပြန်ဆွဲတော့မှ Lucius Malfoyက ဆတ်ခနဲကွက်ကီးတစ်ခုကိုကောက်ပြီး ပါးစပ်ထဲထည့်သည်။

"အရသာက...အတော့်ကို အစပ်အဟပ်တည့်တာပဲ။"

အရသာရှိမှန်းသိသွား၍ နောက်တစ်ခုထပ်အနှိုက်မှာ Narcissa Malfoyကဆတ်ခနဲကွက်ကီးပန်းကန်ကို ပြန်ဆွဲရင်း

"မစားဘူးဆို? ဘာလို့ထပ်နှိုက်တာလဲ?!"

"မစားချင်ပေမဲ့ သမက်ကလေးက အပင်ပန်းခံပြီး ဖုတ်ပေးထားလို့ စားပေးတာ။"

ရုပ်တည်ကြီးနှင့် ပြန်ဖြေသူ Lucius Malfoyကြောင့် Narcissa Malfoyမှာ မျက်ဖြူလန်လိုက်ပြီး ကွက်ကီးပန်းကန်ကို Lucius Malfoyရှေ့ကို ပြန်တိုးပေးလိုက်သည်။

"ပူပူနွေးနွေး ဂျင်းပေါင်မုန့်တွေပါ။  လက်ဖက်ရည်နဲ့ မြည်းကြပါဦး။"

My Rival Becomes My Husband Où les histoires vivent. Découvrez maintenant