"Shake it off!! Shake it off!!"
စနေနေ့မနက်တွင် Potter-Malfoy Familyတို့နေလေ့ရှိသည့် အပန်းဖြေစံအိမ်တစ်ခုလုံးသည် Singဆိုသည့် ကာတွန်းကားထဲမှာ ဇာတ်ဝင်သီချင်းများနှင့် ဆူညံလျက်ရှိသည်။ ထိုသီချင်းများအလယ်တွင်တော့ ယနေ့အဆိုပြိုင်ပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်သူ Lily Eltanin Malfoyမှာ တစ်ကိုယ်လုံးခါရမ်းလျက် ကခုန်နေသည်။ သူ(မ)နှင့်ဆန့်ကျင်ဘက်ဖြစ်နေသူကတော့ အစ်ကိုဖြစ်သူ Albus Draconis Malfoyဖြစ်ပြီး ညီမဖြစ်သူဖွင့်ထားသည့် သီချင်းများဒဏ်ကို မခံစားနိုင်သည့်ပုံစံဖြင့် sofaခေါင်းအုံးနှင့် ခေါင်းကိုအုပ်ထားပြီး sofaပေါ်မှာ ဖင်လေးထောင်လို့မှောက်ရက်လေးလှဲနေသည်။
တစ်ဖက်မှာတော့ အာကာသအကြောင်းကိုကလေးတွေအတွက် သေချာရှင်းပြပေးထားသည့် သုတစွယ်စုံလိုစာအုပ်အား စိတ်ဝင်စားစွာနှင့်ဖတ်နေသည့် အစ်ကိုအကြီးဆုံးဖြစ်သူ Scorpius Hyperion Malfoyကတော့ သူ့အကျင့်အတိုင်း sofaမှာငြိမ်သက်စွာထိုင်နေသည်။
"Shake it off!! Shake it off!!"
"တော်ပါတော့ဟ!! ငါ့နားတွေလည်း ကန်းကုန်ပြီလို့... အငယ်မရဲ့!!!"
Albus Malfoyသည် အော်ဟစ်လာပြီး အားရပါးရကိုကခုန်နေသည့် ညီမဖြစ်သူအား sofaခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်သည်။
"အင့်!!"
"ကိုလတ်!! မီးမီးကို လာမစနဲ့နော်!!"
"တစ်မနက်လုံး ငါ့ကိုနှိပ်စက်နေတာ ရပ်ပါတော့!!"
"မရပ်နိုင်ပါဘူး။ မီးမီးဘာသာ ကနေတာလေ!!"
"Papaနဲ့သွားတိုင်မယ်!!!"
Albusသည်sofaမှခုန်ဆင်းကာ မီးဖိုခန်းဘက်ကိုပြေးသွားသည်။ မီးဖိုခန်းထဲတွင်တော့ သူတို့ရဲ့ချစ်လှစွာသော Papaမှာ Daddyဖြစ်သူရဲ့ရင်ခွင်ထဲကိုမှီနေရင်း အရွက်တစ်ချို့ကိုလှီးဖြတ်နေသည်။ Daddyကလည်း Papaကိုအနောက်ကနေဖက်တွယ်ထားပြီး Papaရဲ့နားရွက်ဖျားလေးတွေကို အသာနမ်းရှိုက်နေသည်ကို ရုတ်တရက်ကြီးမြင်လိုက်ရသူAlbusမှာတော့ လက်ထဲကLegoစက်ရုပ်ပင် ပြုတ်ကျသွားရသည့်အထိ လန့်သွားသည်။
"ဒုတ်!!"
"Papa?"
"အိုး!! Alလေး!!"
YOU ARE READING
My Rival Becomes My Husband
FanfictionHarry: ငါ့ဘဝက အဆုံးသတ်တိုက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ငါထင်ခဲ့တယ်။Voldemortကို အနိုင်ယူပြီး ငါ့ဘဝလေးက သာမန်လေးပဲ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ငါမှားသွားတယ်။ငါ့ဘဝက ၈နှစ်ကြာအေးချမ်းခဲ့ပြီးမှာတော့ လုံးဝကိုသာမန်မဟုတ်တဲ့ အရာဖြစ်ပျက်သွားခဲ့တယ်။အဲ...