Part Thirty-Two (Unicode)

2.8K 290 92
                                    

French(ပြင်သစ်)။

Malfoy Villa အတွင်းတွင်ဖြစ်သည်။

"Daddy!! Daddy!! ပြန်လာပြီ!!"

ငွေရောင်ဆံနွယ်တွေကို ကျစ်ဆံမြီးလေး ကျစ်ထားသည့် သုံးနှစ်ကျော်အရွယ် ကလေးမလေးသည် အိမ်ရာအတွင်းသို့ဝင်လာသည့် ကားပေါ်မှဆင်းလာသူ လူရွယ်တစ်ဦးကိုမြင်သည်နှင့် ပြေးထွက်လာတော့သည်။

"မီးမီးကို ချီ..ချီ!!"

ချစ်စရာကလေးမလေးကို သူ(မ)နှင့် ဆံပင်အရောင်ချင်းတူသည့်လူရွယ်သည် အသာပွေ့ချီလိုက်ပြီး ဖောင်းအိနေသည့် ပါးပြင်နုနုလေးတွေကို အသာနမ်းရှိုက်လိုက်သည်။

"သမီးလေး...လွမ်းနေခဲ့တာ။"

"မီးမီးရောပဲ..ဒါနဲ့...Papaရော?"

ထိုစကားကြားတော့ လူရွယ်ရဲ့မျက်နှာသည် အနည်းငယ်ပျက်ယွင်းသွားပေမဲ့ ချက်ချင်းပင် အပြုံးတွေနှင့်ပြန်ဖုံးကွယ်လိုက်ပြီး

"သမီးရဲ့Papaက ကျောင်းတက်ရမှာမလို့ ပြန်သွားတယ်။ ပြန်ရောက်တာနဲ့ ဖုန်းဆက်မယ်တဲ့။"

"ဟွန့်...Papaနဲ့လည်း မတွေ့ရတာကြာပြီ။ Papaက ဖုန်းတစ်ချက်ကလေးမှကို မဆက်တာ။ မီးမီးမှာ အမြဲဝမ်းနည်းနေရတယ်!"

"သားလေး...ပြန်ရောက်ပြီလား? အထဲဝင်လေ။ အိမ်ရှေ့ကြီးမှာတင် မရပ်နေနဲ့။ မြေးမလေးကလည်း Daddyကို အိမ်ထဲရောက်မှ ပြောစရာရှိတာတွေ ပြောလေကွယ်။"

"အမေ...ကျွန်တော်လာတယ်။"

အသက်လတ်ပိုင်း မိန်းမတစ်ဦးသည် အိမ်ထဲမှထွက်လာ၍ လူရွယ်သည် ပြန်နှုတ်ဆက်ရင်း အိမ်ထဲဝင်သွားလိုက်သည်။

Dracoသည် သမီးငယ်လေးကို ချီမထားရင်း အိမ်ထဲဝင်လာတော့ မြေးနှစ်ယောက်နှင့်အတူ အရုပ်ဆက်ပေးနေသည့် အဖေဖြစ်သူကို မြင်လိုက်ရ၍ ပြုံးမိပြန်သည်။ အဖေသည် လူကြီးဖြစ်ပြီး အရုပ်ဆက်တာ ကြည့်မကောင်း၍ သားငယ်ဆီမှလည်း အအော်ခံလိုက်ရပေမဲ့လည်း မြေးကိုချစ်တော့ အဖေခဗျာပြုံးရုံသာပြုံးနိုင်သည်။

"ဖိုးဖိုးက သိပ်မတော်ဘူးလေ..Alလေးရဲ့။"

"Al..ဖိုးဖိုးကို မအော်ရဘူးလေ။ Papaက ဘာပြောခဲ့လဲ?"

My Rival Becomes My Husband Where stories live. Discover now