| 𝖮 𝗇 𝖾

2.2K 192 76
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-




" ယောလ်ဂျယ်ရေ ... ယောလ်ဂျယ်ရေ "

အိမ်ပေါက်ဝက အော်သံသေးသေးလေးက ဧည့်ခန်းထဲမှာ စာဖတ်နေတဲ့သူ့ထံသို့ ပျံ့လွင့်လာသည်။ ရင်းနှီးပြီးသား အသံစူးစူးမို့ ဂျုံဆောင်း ထွက်မကြည့်လည်း ဘယ်သူဘယ်ဝါမှန်း သိပြီးသားပါလေ။ သိတဲ့သူမို့ အိမ်က ခြံစောင့်ဦးလေးကြီးကလည်း ဖွင့်ပေးလိုက်တာပေါ့။

" ယောလ်ဂျယ်ရေ၊ ငါ လာတယ်နော်။ အယ်၊ ကိုကိုကြီး ... ဟီးးး။ "

လူကဖြင့် အိမ်ထဲထိ ရောက်နေပြီ။ အိမ်ပေါက်ဝကတည်းက အော်သံပြုလာတာ ဧည့်ခန်းထဲ ရောက်တော့မှ သူ့ကို မြင်ပြီး၊ ဟီးခနဲ ရယ်ပြလာသည်။

ကိုကိုကြီး အိမ်မှာမရှိလောက်ပါဘူး ဆိုတဲ့ အထင်နဲ့ ဂျောင်ဝန်း အသံကျယ်ကျယ်လုပ်နေမိတာ အခုတော့ ထိပ်တိုက် တိုးတော့တာပါပဲ။

Book Mark ကို ဖတ်လက်စ,စာမျက်နှာ၌ ညှပ်လိုက်ရင်း ဂျုံဆောင်းက သူ့ကို မမှိုတ်မသုန် ကြည့်သည်။ စုတ်ဖွာနေတဲ့ ဆံပင်တွေက ဟိုထောင်သည်ထောင်။ နောက်တစ်ပတ် ကျောင်းတွေ ပြန်ဖွင့်တာနဲ့ အနက်ရောင် ပြန်ဖြစ်မဲ့ နီကြောင်ကြောင် ဆံပင်တွေက ဂျုံဆောင်းမျက်လုံးထဲ၌ ကန့်လန့်၊ ကန့်လန့်ဖြင့်။ သည်ကောင်လေးကို တွေ့ခါစက ဤကဲ့သို့ မဟုတ်ပါ။ ပြောင်းလဲဆိုးသွမ်းလာတယ်လည်း မဟုတ်ပေမဲ့ ဂျုံဆောင်းကတော့ သူ့ညီတစ်ဝမ်းကွဲ မင်ယောလ်ဂျယ်နဲ့ ပေါင်းပြီး၊ ကုတ်ကမြင်း လုပ်နေသည်ဟုသာ ထင်၏။ တွေ့ခါစ ဆံပင်နက်နက်တို့က ပထမနှစ်လည်း ပြီးရော၊ နီကြောင်ကြောင်တွေ ပြောင်းသွားတာပဲ ကြည့်လေ။

" ထိုင်လေ။ "

အေးစက်စက် စကားသံက တည်တည်ငြိမ်ငြိမ်နဲ့ သြဇာအပြည့်ဖြစ်နေတာကြောင့် သူ့မှာ လွယ်လာတဲ့ ကျောပိုးအိတ်ကိုတောင် ချွတ်ဖို့ မေ့ပြီး " ဟုတ် " ဟု အသံတိုးတိုးပြုကာ ခုံမှာ သည်အတိုင်း ထိုင်လိုက်မိ၏။ ယောလ်ဂျယ်က အသံလည်း မပေး၊ ဆင်းလည်း ဆင်းမလာသေးတာကြောင့် လောလောဆယ် သူတို့နှစ်ယောက်တည်း။ အသက်ရှူသံမျှလောက်သာ ကြားရတဲ့ အနေအထားမို့ ဂျောင်ဝန်း အနေရခက်နေတာတော့အမှန်။ ကိုကိုကြီးက ဂျောင်ဝန်းကို အမြင်မကြည်မှန်းသိလို့ ဂျောင်ဝန်းလည်း ကိုကိုငယ့်ကို စကားစသလိုမျိုး မစရဲ။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now