| 𝖲 𝖾 𝗏 𝖾 𝗇

872 136 63
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

" အာ ... "

ဂျုံဆောင်းမှာ ဆက်ပြောစရာ စကားမရှိတော့။ အင်တင်တင် ဖြစ်သွားတဲ့ ခံစားချက်က သူ့မျှော်လင့်ချက်တွေကို ခပ်ဝေးဝေး တစ်နေရာသို့ ပုတ်ထုတ်လိုက်သယောင်။ လက်ထဲက မုန့်ထုပ်တွေက ရည်ရွယ်သူဆီ မရောက်နိုင်တော့ဘူးဆိုတာ သိပေမဲ့၊ ရည်ရွယ်သူနဲ့ သက်ဆိုင်နေသောသူထံသို့ တရိုတသေနဲ့ ကမ်းပေးလိုက်ပြီးနောက် ဂျုံဆောင်း ကားတံခါးကို ပြန်ဖွင့်လိုက်မိသည်။ သူ တွေ့ချင်တဲ့သူလည်း မရှိတာမို့ အိမ်ပြန်တာကသာ အဖြစ်သင့်ဆုံးပါပဲလေ။

" ဂျုံဆောင်း "

" ဗျာ "

ကားပေါ်ရောက်ခါမှ သူ့နာမည်ခေါ်သံကို ကြားတာကြောင့် ဂျုံဆောင်း ကားမှန်ချလိုက်ရင်း ထူးလိုက်မိသည်။ ဘယ်အချိန်ကြည့်ကြည့် အပြုံးမပျက်တဲ့ သူ(မ)က ဂျုံဆောင်းကို လှလှပပ ပြုံးပြသည်။ ဂျုံဆောင်းနှုတ်ခမ်းတွေက အလုပ်မလုပ်ချင်ပေမဲ့လည်း အတတ်နိုင်ဆုံး ပြန်၍ ပြုံးပြနိုင်အောင် ကြိုးစားလိုက်မိ၏။

" ဒီမုန့်တွေကို သားသားငယ်ဆီ ပို့ပေးလိုက်မယ်နော်။ "

--

" ဘူဆန်က သူ့အဘွားနဲ့ အမျိုးတွေဆီ အလည်သွားတယ်ဟုတ်လား ? ဟာ ... ဒီကောင် ငါတို့ကိုလည်း တစ်ခွန်းတောင် ပြောမသွားဘူး။ လုပ်ရက်လိုက်တာ။ "

သူ့ဆီက တစ်ဆင့်ကြားလိုက်ရတဲ့ စကားကြောင့် ယောလ်ဂျယ်က မကြိတ်မခဲဖြင့် စားပွဲကို တဒုန်းဒုန်း ထုကာ ဆိုသည်။ စားပွဲကို ထုကာ အားမပါသော်ငြား၊ ထိုအသံက သူ့ခေါင်းကို တိုက်ရိုက် ထုနေသည့်နှယ်။ ဂျုံဆောင်းခေါင်းတစ်ခုလုံး တဆစ်ဆစ်ဖြင့် ကိုက်ခဲလာချင်သွားသည်။

" ကိုကိုကြီး ဘာဖြစ်နေတာလဲ ? နေမကောင်းဘူးလား ? "

သူ့ပုံစံကို သတိထားမိသွားတဲ့ ယောလ်ဂျယ်ကို ဂျုံဆောင်း ခေါင်းခါပြလိုက်သည်။

" ဂျောင်ဝန်း တစ်ခုခုဖြစ်နေတယ်လို့ မင်း မထင်မိဘူးလား၊ ယောလ်ဂျယ်။ အရင်ကဆို စာမေးပွဲရက်လည်း အချိန်ရရင် ရသလို အိမ်ကို လာလည်တတ်တယ်လေ။ အခုတော့ စာမေးပွဲရက်လည်း မလာသလို၊ စာမေးပွဲပြီးတဲ့နေ့မှာပဲ သူ့အဘွားလေး နေတဲ့ ဘူဆန်ကို အလည်သွားတယ်ဆိုတော့ တစ်ခုခုများ ကြီးကြီးမားမား ဖြစ်နေသလားလို့။ "

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now