| 𝖥 𝗂 𝗏 𝖾

789 146 40
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

" ဂျောင်ဝန်းနဲ့ တစ်ခုခုဖြစ်ထားတာလား။ "

" ဂျောင်ဝန်း အဆင်ပြေရဲ့လား။ "

ဆင်သလိုလိုနဲ့ သိပ်လည်း မဆင်တဲ့ မေးခွန်းနှစ်ခုက တစ်ပြိုင်နက်တည်း ထွက်လာသည်မှာ ရယ်ရခက်၊ ငိုရခက်။ သို့ပေမဲ့လည်း သူတို့ ရယ်နိုင်ကြမှာမဟုတ်။ ဂျုံဆောင်းက သက်ပြင်းရှည်ဆွဲချလိုက်ရင်း ပထမမေးခွန်းပိုင်ရှင်ဖြစ်တဲ့ ယောလ်ဂျယ်ဆီက စကားကို ဆက်စောင့်နေသည်။

" ကျွန်တော်နဲ့က ဘာမှမဖြစ်ပါဘူး။ မနေ့ညကထိ စကားပြောဖြစ်ကြသေးတယ်။ ကိုကိုကြီးနဲ့ကရော ? "

ပျံလွင့်နေသည့် အာရုံတွေအား ဂျုံဆောင်း မစုစည်းနိုင်သေး။ ကားမောင်းနေတာကြောင့်သာ သူ့စိတ်သူ မနည်းထိန်းထားရ၏။ ယောလ်ဂျယ်၏ အမေးကို သူ ပြန်မဖြေတော့။ ယောလ်ဂျယ်ကတော့ မှန်ထဲကနေ မြင်နေရတဲ့ တွန့်ချိုးထားသော မျက်ခုံးတို့ကို ကြည့်ရင်း သက်ပြင်းချသည်။

ဂျောင်ဝန်းနဲ့ ကိုကိုကြီးတို့ကြားထဲ ဘာဖြစ်နေသလဲဆိုတာ ယောလ်ဂျယ် မသိဘူး။ လောလောဆယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် သိလည်း မသိချင်သေးပါ။ သူကိုယ်တိုင်လည်း အမျိုးစုံသော အခြေအနေအရပ်ရပ်တို့ကြောင့် တော်တော်လေး ပင်ပန်းနေရတာမို့။

" ကျွန်တော်နဲ့ ဖြစ်တာ မဟုတ်တာတော့ သေချာတာမို့ ကိုကိုကြီးအနေနဲ့ သေချာအောင် တိုက်ရိုက် မေးကြည့်လိုက်ပါ။ ဒါမဲ့လည်း ကိုကိုကြီးကြောင့်လည်း ဟုတ်ချင်မှဟုတ်မှာ။ သူ့ဘာသာ တစ်ယောက်တည်း ကျောင်းသွားချင်လို့လည်း ဖြစ်နိုင်တာပဲ။ သေချာအောင်တော့ မျက်နှာချင်းဆိုင်ပြီး မေးလိုက်ပေါ့။ "

" မျက်နှာချင်းဆိုင်ဖို့မပြောနဲ့။ စာလည်း ပြန်မပို့၊ ဖုန်းလည်း မကိုင်နဲ့။ ဘယ်လိုလုပ်ရမလဲ။ "

အကြံပေးပြီး အတွေးထပ်များနေတဲ့ ယောလ်ဂျယ်ကတော့ သူ့တီးတိုးရေရွတ်မှုကို မကြားလိုက်။ ဂျုံဆောင်း တကယ်ကို စိတ်တွေ တအားရှုပ်နေရသည်။ ဖွင့်ပြောပြီးကတည်းက အတွေ့မခံတော့တဲ့ ကလေးကြောင့် သူ့မှာ ရူးတော့မလိုပဲ။ ဖုန်းနဲ့လည်း အဆက်အသွယ်လုပ်မခံသလို၊ အိမ်ထိ ရောက်သွားတော့လည်း သူ့အမေကနေတစ်ဆင့် အကြောင်းအမျိုးမျိုးပြပြီး၊ ငြင်းလွှတ်ခဲ့သည်မှာ အကြိမ်ကြိမ်။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now