| 𝖲 𝗂 𝗑

798 138 78
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

" ဂျုံဆောင်းက ကျွန်မကို တကယ် သဘောမကျဘူးပဲ။ "

" အာ ... အဲ့တာက ... "

ဟုတ်တယ်လို့ တိုက်ရိုက်မပြောနိုင်သလို၊ မဟုတ်ဘူးလို့လည်း မငြင်းနိုင်ပြန်တော့ တစ်ဖက်မိန်းကလေးဆီမှ ရယ်သံသဲ့သဲ့က ထွက်လာတာမို့ ဂျုံဆောင်းစိတ်ထဲ၌ အားနာမှုတို့က သိသိသာသာ ဖြတ်ပြေးသွားကြသည်။

" ကျွန်မကတော့ ဂျုံဆောင်းကို စတွေ့ကတည်းက သဘောကျခဲ့တာ။ "

ပွင့်လင်းတဲ့ ဝန်ခံမှုက ဂျုံဆောင်းကို ပိုအနေရခက်စေသည်။ တစ်ချိန်တည်းမှာပဲ အားနာစိတ်ကို ပိုတိုးအောင် လုပ်နေသလို။

ရိပ်မိတဲ့ သူ(မ)က ပြုံးလျက်နဲ့ပင် စကားမဆိုနိုင်သေးတဲ့သူ့အစား ဆက်ဆိုပြန်၏။

" ဂျုံဆောင်းက အဲ့ကလေးကိုပဲ မြင်တာလေ။ "

" ဟင် ? "

သူတို့နှစ်ယောက်စကားဝိုင်းထဲ ဘယ်ကလေးက ပါလာမှန်း ဂျုံဆောင်း နားမလည်။

" ကျွန်မတို့ ပထမဆုံးတွေ့ကြတဲ့နေ့က ကျွန်မကို ထားခဲ့ပြီးတော့တောင် အဲ့ကလေးနဲ့ ထွက်သွားကြတာ မဟုတ်လား။ "

" အဲ့တာက ... "

ပို၍ ကြီးထွားလာသော အားနာစိတ်တို့ကြောင့် ဂျုံဆောင်း မျက်နှာတောင် မဖော်နိုင်တော့။ ထိုနေ့က သူ(မ)ကို ဂျုံဆောင်း အရေးတကြီးအလုပ်ရှိလို့ဟု ညာပြောကာ ထားခဲ့မိခြင်းပင်။ ဒါကလည်း တခြားကြောင့် မဟုတ်ပါ။ ကောင်လေး၏ မျက်ရည်တွေကို မြင်လိုက်ရတာကြောင့်။ အရည်ကြည်လေးတွေ ခိုတွဲနေသော မျက်တောင်ရှည်ရှည်လေးတွေ၊ ရဲနေသော နှာခေါင်းထိပ်နဲ့ ပါးမို့မို့လေး နှစ်ဖက်၊ အနည်းငယ် နီရဲချင်နေသော မျက်လုံးဝိုင်းလေးတွေက မျက်ရည်တောင် မခြောက်သေးပေ။

ဂျုံဆောင်းစိတ်ထဲ မနေနိုင်မထိုင်နိုင်တွေ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပဲ သူ့နောက်သို့ လိုက်လာတဲ့ သူ(မ)ကိုတောင် တခြားကိစ္စအကြောင်းပြပြီး ဂျောင်ဝန်းအား ငိုရသည့် အကြောင်းအရင်းကို မမေးပါဘဲ စိတ်ပြေစေရန် ရုပ်ရှင်ရုံသို့ ခေါ်သွားမိသည်။ စင်စစ် ထိုလက်မှတ်ဟာ ဂျယ်ယွန်းကိုယ်တိုင် စီစဥ်ရွေးချယ်ထားပေးတဲ့ သူနဲ့ သူ(မ)အတွက်ဆိုပေမဲ့လည်းပေါ့။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now