| 𝖳 𝗁 𝗋 𝖾 𝖾

883 155 34
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

သူ ဘာလုပ်လုပ်၊ ဘယ်သွားသွား မသိမသာ ခိုးကြည့်နေသည့် မေမေ့ကြောင့် ဂျောင်ဝန်းနှုတ်ခမ်းလေးက စူလာသည်။ စားပွဲပေါ်က အသီးပန်းကန်ကို ယူပြီး အခန်းထဲသို့ ကော့တော့ကော့တော့ဖြင့် ဝင်သွားသည်အထိ မေမေက သူ့ကို ကြည့်နေသေးမှန်း ဂျောင်ဝန်း လှည့်မကြည့်လည်း ခံစားမိသည်။ ဘာလို့ ကြည့်နေတာလဲဆိုတာကိုလည်း ဂျောင်ဝန်း သိသည်။ မေမေက အထင်မှားခဲ့မိတာအတွက် တောင်းပန်ချင်နေတယ်ဆိုတာလည်း ဂျောင်ဝန်း သိပါသေးသည်။ ခက်တာက သူကတော့ တော်ရုံနဲ့ စိတ်မပြေပေးချင်ပါ။ အစကတည်းက မယုံကြည်ပေးခဲ့တာမို့ ဖြစ်မည်ထင်ပါရဲ့။

" သားသားငယ် "

အခန်းတံခါးကို ခေါက်ကာ ခေါ်လာသည့် မေမေ့ကြောင့် ဂျောင်ဝန်းသည် ခံတွင်းထဲက ပျားလိမ္မော်သီးတစ်လုံးကို ခပ်မြန်မြန် ဝါးနေရင်းနဲ့မှ အခန်းတံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ လက်က ချက်ချင်း ဖွင့်ပေးလိုက်ချင်ပေမဲ့၊ စိတ်က ထိုသို့လုပ်ရန် သိပ်အဆင်မပြေ။

" ​ဟုတ်။ "

" တံခါးဖွင့်ပေးပါဦး၊ သားသားငယ်ရဲ့။ မေမေ ပြောစရာလေး ရှိလို့ပါ။ "

မေမေ့အသံချိုချိုလေးကြောင့် ဂျောင်ဝန်းလည်း ကြာကြာ စိတ်မမာရက်တော့ဘဲ တံခါးကို ဖွင့်ပေးလိုက်မိသည်။ မုန့်တွေ အများကြီး ထည့်ထားတဲ့ အိတ်ကို ကိုင်ထားသည့် မေမေက ဂျောင်ဝန်းအား နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေ၏။ နားမလည်စွာဖြင့် ကြည့်နေမိသူကတော့ ကာယကံရှင်ဖြစ်သည့် ဂျောင်ဝန်းကိုယ်တိုင်သာ။

-

" မေမေ တကယ် တောင်းပန်ပါတယ်နော်။ သားသားငယ်ကို မယုံတာ မဟုတ်ပါဘူး။ ရုတ်တရက်ဆိုတော့ အတွေးလွန်သွားမိတာကွယ်။ "

သူ့ကို ရင်ခွင်ထဲထည့်ကာ ​ရှင်းပြနေသည့် မေမေ့ဆီက စကားတွေကို ကြားတော့ သားသားငယ်က မျက်တောင်ရှည်ရှည်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ မေမေ့ရင်ခွင်ထဲသို့ ခေါင်းတိုးရင်း ငြိမ်နေသည့် သားသားငယ်ဟာ ကလေးသေးသေးလေးလိုမျိုး အူယားစရာအတိ။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now