| 𝖤 𝗂 𝗀 𝗁 𝗍

1.3K 141 55
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

" ဟင်းးမ် "

ခြေထောက်ကလေးနှစ်ဖက်ကို အရှေ့ရမ်းလိုက်၊ အနောက်ရမ်းလိုက်လုပ်နေရင်းနဲ့ပင် သက်ပြင်းချသံလေးက တီးတိုးစွာ ထွက်လာသည်။ ခြံထဲက ခုံတန်းပေါ်မှာ မျက်နှာငယ်လေးနဲ့ ထိုင်နေကာ မသိမသာ စူထော်နေသည့် နှုတ်ခမ်းပါးလေးကလည်း လှုပ်စိလှုပ်စိဖြင့်။

" ဟင်းးးမ် !! "

ဟောလ် ! ဒုတိယမ္ပိ ထွက်လာပြန်သည့် သက်ပြင်းချသံ။ သည်တစ်ခါတော့ စိတ်မရှည်စွာ ထွက်လာတာမို့ အသံက အနည်းငယ် ရှည်ကာ၊ ကျယ်သွား၏။ ညှိုးနွမ်းနေတဲ့ မျက်ဝန်းလေးတွေက ယခုတစ်ခေါက်မှာတော့ ရန်စွာချင်နေသယောင်။ တကယ်လည်း ရန်စွာချင်နေတာဖြစ်မည်။ ရန်ရှာခံရမည့်သူကတော့ နှစ်ခါ စဥ်းစားစရာမလိုသူပေါ့။

" ကိုယ်ရောက်ပြီ၊ ဂျောင်ဝန်း။ "

အသင့်ဖွင့်ပေးထားတဲ့ ခြံတံခါးကြောင့် ဂျုံဆောင်းက သူ့အိမ်သူ့ယာလိုမျိုး အေးအေးလူလူ ဝင်ချလာသည်။ နားထင်စနားတွေက ချွေးလုံးသေးသေးလေးတွေနဲ့။ အသံကလည်း တည်ငြိမ်နေသလိုလိုနဲ့ သေချာနားထောင်ကြည့်မည်ဆိုလျှင် လောနေမှန်း ရိပ်မိလိမ့်မည်။ သို့သော် ဂျောင်ဝန်းမှာ အဲ့တာတွေအထိ လိုက်ကြည့်ချင်စိတ်မရှိသေး။ လက်ထဲမှာက မုန့်တွေ မနည်းမနော။ ထိုမုန့်တွေကို မျက်လုံးစွေကြည့်ပြီးနောက် တစ်ယောက်သောသူက မထိုင်ရသေးသည့်သူအား မျက်စောင်းလှလှလေးနဲ့ ကြိုဆိုပေးလိုက်တော့ တစ်ဖက်လူ၏ မျက်ခုံးပြေပြေတွေက အပေါ်သို့ အနည်းငယ် ပင့်တက်သွားကြကုန်သည်။

" ဂျောင်ဝန်းကြိုက်တဲ့ မုန့်တွေလေ။ "

ဂျောင်ဝန်း ဘာမှပြန်မပြောဘဲ တစ်ဖက်ကို ချာခနဲ မျက်နှာမူပစ်သည်။ သူ့ဘေးသို့ အတင်းပူးကပ်ထိုင်လာသူက ခေါင်းကြီးစောင်းကာဖြင့် တစ်ဖက်ကို လှည့်ထားတဲ့ သူ့မျက်နှာလေးကို မရမက လိုက်ကြည့်ကာ၊ အသည်းအသန်တွေ အကြည့်ချင်း စုံအောင် ကြိုးပမ်းနေသည်။ အိမ်ထဲမှာ မေမေတို့ ရှိနေတာကို သိရဲ့သားနဲ့တောင် အနေအထိုင် မဆင်ခြင်သည့် လူကြီးကို ဂျောင်ဝန်း စိတ်ကောက်ချင်သလို၊ ရယ်လည်း ရယ်ချင်မိရော။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now