Depending on the heart (အပိုင်း1)

13.3K 453 8
                                    

''မရဘူး! ကျွန်တော်လက်မခံဘူးDaddy! ''

တိတ်ဆိတ်လှတဲ့အိမ်တော်ကြီးထဲ 18 နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ဒေါသနဲ့အသံဟာဟိန်းထွက်သွားတယ်

''လက်မခံလို့မရဘူးသား အဖေတို့ရုံးတက်လက်မှတ်ထိုးပြီးပြီ ဒီနေ့ပဲသူတို့ အဖေတို့အိမ်တော်ကိုပြောင်းလာလိမ့်မယ်''

ဝုန်း!!

ဧည့်ခန်းထဲက သစ်သားနဲ့ပြုလုပ်ထားတဲ့စားပွဲတစ်လုံးကိုကန်ထုတ်လိုက်တဲ့အသံက အိမ်တော်အပြင်မှာရပ်နေတဲ့ အစေခံတွေတောင် တွန့်သွားတဲ့အထိ

''ဦးစိုးမိုးရာဇာ! ကျုပ်အမေသေသွားတာတစ်လမပြည့်သေးဘူး ခဗျားကနောက်မိန်းမအိမ်ပေါ်ခေါ်တင်တယ်တဲ့လား! ခဗျားလုပ်ရပ်တွေအရမ်းမှန်နေတယ် ထင်နေလားဦးစိုးမိုးရာဇာ!!!''

''Daddyလုပ်ရပ်ကမှန်မနေဘူးဆိုတာDaddyသိတယ် ဒါပေမဲ့..''

''ဒါပေတွေ မဲ့ မနေနဲ့ Mommy​သေသွားတာတစ်လတောင်မပြည့်သေးပဲအိမ်ပေါ်ခေါ်တင်တယ်ဆိုထဲက ခဗျားတို့ဘယ်အချိန်ထဲကခိုးစားနေလဲမှမသိတာ ချမ်းသာတဲ့လူမြင် ခြူစားချင်တဲ့ xာသယ်မတွေ မြန်မာနိုင်ငံထဲတော်တော်ပေါလာတာပဲ ခဗျားခေါ်လာရင် ခေါ်လာတဲ့မိန်းမမှန်သမျှအကုန်ရိုက်သတ်ပစ်မယ်!''

''မုန်းတိုင်းဒဏ်''

မုန်တိုင်းခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့အဖေမျက်လုံးကိုစေ့''ကြည့်လိုက်တယ်

''အဟက်! ဘာလဲအနာပေါ်တုတ်ကျသွားလား''

စိုးမိုး စိတ်ကိုအတတ်နိုင်ဆုံးလျော့လိုက်တယ်

''လွှမ်းက အဲ့ဒီလို လူမျိုးမဟုတ်ဘူး ပြီးတော့ သူကမိန်းကလေးမဟုတ်ဘူး ယောက်ကျားလေးပဲ''

မုန်တိုင်းအံ့သြလွန်းလို့ပါးစပ်အဟောင်းသားဖြစ်သွားတယ်

''ကျုပ်အမေကွယ်ရာမှာ ယောက်ကျားတစ်ယောက်နဲ့ခိုးစားတယ်တဲ့လား ဦးစိုးမိုးရာဇာ!! ခဗျားနဲ့ကျုပ်ဒိအချိန်ကစပြီး ဘာပက်သက်မူမှမရှိတော့ဘူး!''

ပြောပြီးပြီးချင်း ဆိုဖာကိုစောင့်ကန်သွားပြီး လှေကားပြိုကျမတတ်ခြေလှမ်းတွေနဲ့အပေါ်တက်သွားတဲ့သားဖြစ်သူကြောင့် စိုးမိုးစိတ်တွေရူပ်ထွေးကုန်တယ်

Depending on the heart(On Going)Where stories live. Discover now