Depending On The Heart(အပိုင်း11)

8.9K 370 17
                                    

''ဒေါ်မြ ဒေါ်မြ ! ဘယ်သူမှမရှိကြဘူးလား''

မုန်တိုင်းလှေကားပေါ်ကနေ ခေါ်တော့ဘယ်သူမှပြန်မထူးကြ နောက်မှပြန်စဉ်းစားမိတာက အရင်နေ့က သူအိမ်အကူတွေအကုန်အော်လွှတ်လိုက်တယ်ဆိုတာ

''စောက်ကျိူးနည်းပြီ -ီး''

မတတ်နိုင်တဲ့အဆုံးမုန်တိုင်းသူကိုယ်တိုင်ပဲမီးဖိုထဲဝင်လိုက်တော့တယ် မွေးကင်းစအရွယ်ထဲကဒီအရွယ်အထိမီးဖိုထဲခြေဦးမချဘူးတဲ့မုန်တိုင်းဘဝလဲဒီလူနဲ့ကြမှပဲ သောက်တလွဲတွေကိုဖြစ်လို့
ဂက်စ်မီးဖိုပေါ်ရေဆူဦးလေးအရင်တည်ထားပြီး ခေါက်ဆွဲထုပ်ရှာပုံတော်ဖွင့်ရတော့တယ်

''ခေါက်ဆွဲထုပ်တွေကို ဘယ်ဖင်ခေါင်းထဲဝင်ထားကြလဲ''

မုန်တိုင်းတစ်ယောက်မီးဖိုထဲဟိုရှာဒီရှာနဲ့ ကြောင်အိမ်အနောက်ကပါကင်လိုက် YanYanထုပ်တွေကိုတွေ့ရတော့တယ်

''ခေါက်ဆွဲထုပ်ကိုအဲ့လိုနေရာမှာထားရမယ်လို့ဘယ်ကောင်ကပြောလိုက်လို့လဲ''

ခေါက်ဆွဲတစ်ထုပ်ယူလိုက်ပြီးရေဆူအိုးထဲဖောက်ထည့် အချဉ်ထုပ်နဲ့အစပ်ထုပ်ထည့်ဖို့လဲမမေ့ ပြီးတာနဲ့ ကြက်ဥတစ်လုံးဖောက်ထည့် ငရုတ်သီးမူန့်လေးအနည်းငယ်ထည့် ငရုတ်သီးစိမ်းလေးညှပ်ထည့်ဖို့လဲမမေ့3မိနစ်လောက်ကြာတော့ ခေါက်ဆွဲပြုတ်ရပြီဆိုတာနဲ့ လင်ဗန်းပေါ်တင်ပြီးအပေါ်ထပ်ကိုတက်လာလိုက်တော့တယ်တွေးလို့မဆုံးသေး ခေါက်ဆွဲကသုံးလုပ်စာလောက်ကျန်တော့တာကို ငရုတ်သီးမူန့်ထပ်ထည့်ဖို့လက်လှမ်းနေတဲ့ထိုလူကြောင့် သူ့လက်ထဲကငရုတ်သီးမူန့်ဘူးကိုဆွဲလုလိုက်တော့ ခေါင်းလေးမော့ကြည့်လာပြီး နူတ်ခမ်းလေးကခပ်ဆူဆူလေးဖြစ်လာတယ် မကျေနပ်ဘူးဆိုတဲ့အကြည့်နဲ့

''ခဗျားသေချင်လို့လား ငရုတ်သီးတွေအဲ့လောက်စားရအောင် ''

''ပေး ပေး''

သူပြောတာကိုဂရုမစိုက် ငရုတ်သီးမူန့်ဘူးကိုပဲကလေးမုန်းတောင်းသလို တပေးပေးလုပ်နေတာကြောင့် စိတ်ပေါက်လာတာနဲ့ ငရုတ်သီးမူန့်ဘူးကို ပြတင်းပေါက်အပြင်ဘက်လှမ်းပစ်ပလိုက်တယ်

Depending on the heart(On Going)Where stories live. Discover now