Depending on the heart(အပိုင်း7)

9.4K 336 7
                                    

''ခဗျားအဖေ ကျုပ်အဖေကိုလင်တော်လိုက်ထဲက ခဗျားက ကျုပ်-ိုးဖော် -ိုးဖက်ဖြစ်သွားပြီ ခက်တာလွန်း''

ရိုင်း''စိုင်း'' စကားတွေဆို တံခါးကိုဝုန်းခနဲပိတ်ပြီး အခန်းထဲကထွက်သွားတဲ့ကောင်လေးကို ခက်တာဘာပြောလို့ပြောရမှန်းမသိ သူ့ဘက်ကကြည့်ပြန်ရင်လဲ မတရားတာမှန်ပေမဲ့ ခက်တာကိုဒီလောက်ထိလုပ်မယ်လို့မထင်ထားခဲ့မိတာအမှန် ဒီကောင်လေးနဲ့တစ်အိမ်ထဲနေရမယ်ဆို ပိုဆိုးလာနိုင်တယ် ဒီအနီးနားက အဆောင်လေးငှားနေပြီး ရုံးတက်ဖို့သာခက်တာ ဆုံးဖြတ်ချက်ချလိုက်တော့တယ်

-------------------------------------

မုန်တိုင်း စိတ်ပေါက်ပေါက်နဲ့ ဆိုင်ကယ်တစ်စီးနဲ့ သူ့သူငယ်ချင်းဖြစ်သူ ကျော်စွာဖြိုးဆီပဲထွက်လာခဲ့လိုက်တယ်

''ဟာ ဟျောင့်တွေ ဟိုမှာ ငါတို့ရဲ့သူငယ်ချင်းကြီး ဘဲကြည်တဲ့ဘဲကြီးလာနေတယ်ဟ''

သူတို့အိမ်ရှေ့မှာ မုန်တိုင်းဆိုင်ကယ်မြင်တာနဲ့ ကျော်စွာကခပ်နောက်နောက်စကားဆိုတယ် မုန်တိုင်း ကျော်စွာကိုတစ်ချက်ပဲကြည့်ပြီး စိတ်ပျက်လက်ပျက် ခုံတစ်ခုံဝင်ထိုင်လိုက်တယ်
စိတ်မကြည်ဟန်ရှိတဲ့မုန်တိုင်းကြောင့် ကျော်စွာ ဆက်မစတော့ပဲ စကားစလိုက်တယ်

''ဟျောင့် မုန်တိုင်း ဘာဖြစ်လာတာလဲကွ ဘာလဲမင်းဖားသားကြီးနဲ့စကားများလာပြန်တာလား''

''မဟုတ်ဘူး''

''ဒါဆိုဒီ$ခွပ်ကဘာဖြစ်လာတာလဲငါ့ကောင်ရ''

ကျော်စွာ နေမင်းခန့် ဇေရဲလင်း တို့က မုန်တိုင်းနဲ့အလယ်တန်းထဲက ပုခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်တယ် မုန်တိုင်းကိစ္စတိုင်းကိုသူတို့သိသလို သူတို့ကိစ္စတိုင်းကိုလဲမုန်တိုင်းကသိတယ်

''ဒီကောင် ပထွေးပါသားနဲ့ရန်ဖြစ်လာတာနေမှာပေါ့ကွာ''

ကျော်စွာဘေးကgameတိုက်နေတဲ့ နေမင်းခန့်က ဝင်ပြောတော့ မုန်တိုင်းမျက်နှာကြီးသုန်မူန်သွားတာသတိထားမိကြတော့ gameဆော့နေတာရပ်ပြီး တဟားဟားဟားနဲ့ရယ်ကြပါလေရော

''ဟားဟားဟား''+3

''ဟျောင့် မုန်တိုင်း တကယ်ကြီးလားဟ မင်းအဖေပဲမင်းကိုဒေါသထွက်အောင်လုပ်နိုင်တယ်ထင်နေတာ ပထွေးပါသားကလဲလုပ်နိုင်တာပဲလားဟ''

Depending on the heart(On Going)Where stories live. Discover now